အင်္ဂလန်ပရီးမီးယားလိဒ်ရဲ့ထိပ်သီးအသင်းဖြစ်တဲ့စပါးအသင်းဟာဒီနေ့မနက်အစောပိုင်းမှာသူတို့ရဲ့အိမ်ကွင်းကြီးကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ချန်ပီယံလိဂ်ပြိုင်ပွဲတွေကိုယှဉ်ပြိုင်ရတာကြောင့်အသင်းရဲ့အိမ်ကွင်းကိုအဆင့်မြှင့်တင်ခဲ့တာဖြစ်ပြီးခုချိန်မှာတော့ကမ္ဘာအဆင့်မှီကွင်းကြီးကိုဖွင့်လှစ်နိုင်ခဲ့ပါပြီ။ဒီကွင်းကြီးဟာဥရောပမှာအကောင်းဆုံးထိပ်တန်းကွင်းတစ်ကွင်းအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

စပါးအသင်းဟာမနေ့က crystal palace နဲ့ပွဲကိုအိမ်ကွင်းသစ်ကြီးမှာပထမဆုံးကစားခဲ့တာဖြစ်ပါတယ်။ဒီကွင်းကြီးကတော့ပရိသတ်၆သောင်းကျော်ဆန့်တာဖြစ်ပြီးကွင်းထဲမှာအနားယူဖို့နေရာတွေနဲ့ရှောပင်းစင်တာတွေပါဝင်တာဖြစ်ပါတယ်။ပရီးမီးယားလိဒ်မှာလည်းထိပ်တန်းအသင်းကြီးတွေနဲ့လိုက်ပြီးအကောင်းဆုံးကွင်းတွေထဲမှာရပ်တည်နိုင်ခဲ့ပါပြီ။

ဒီနေ့ကွင်းဖွင့်ပွဲကြီးမှာတော့စပါးအသင်းဟာ crystal palace အသင်းကို(၂-ဝ)နဲ့အနိုင်ယူပြီးရလဒ်ကောင်းကိုရယူနိုင်ခဲ့ပါတယ်။ဒီပွဲမှာတာ့စ့ချိန်သစ်တွေလည်းအများကြီးတင်ခဲ့ပါတယ်။ဒီကွင်းကြီးရဲ့ပထမဆုံးဂိုးသွင်းရှင်ကတော့အာရှသားလေးဆွန်ယောင်မင်ပဲဖြစ်ခဲ့ပါတယ်။အာရှသားဆွန်ယောင်မင်ကတော့ဥရောပမှာအာရှဂုဏ်ကိုဆောင်နိုင်ခဲ့တာဖြစ်ပြီးပရိသတ်တွေအတွက်လည်းစပါးအသင်းကွင်းဖွင့်ပွဲvideoလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။