မစ်ဒယ်ဝိတ်တန်း ခါးပတ် ကာကွယ်ပွဲကို အကောင်းဆုံး ထိုးသတ်ပြီး ကာကွယ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်ဟာ လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်ကာကွယ်ပွဲကိုလည်း ထိုးသတ်ဖို့ ရှိတာပဲ ဖြစ်ပါတယ်။ အိမ်ရှင် ဂျပန်နိုင်ငံသား ခန်ဟဆဲဂါဝါကို ဒုတိယအချီမှာ အလဲထိုး ဒိုင်ပွဲရပ် အနိုင်ယူခဲ့တဲ့ အောင်လဟာ ဟဲဗီးဝိတ်တန်းက ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ ထိုးသတ်ဖို့ကို ကြိုးဝိုင်းအတွင်းမှာပဲ သဘောတူခဲ့တာပဲ ဖြစ်ပါတယ် ။ ပွဲအပြီး စင်ပေါ်မှာ အောင်လရဲ့ အောင်ပွဲကို ဂုဏ်ပြုရင်း ဖိလစ်ပိုင်ဖွား အမေရိကန်နိုင်ငံသား ဗီရာက ထိုးသတ်ဖို့ ကမ်းလှမ်းခဲ့မှုကို အောင်လက ပွဲစီစဉ်သူနှင့်အတူ ပြိုင်ပွဲကို လက်ခံခဲ့တာပဲဖြစ်ပါတယ်။  

ပွဲအပြီး ပြောစကားတွေအရ အောင်လနဲ့ ဗီရာတို့ဟာ ဂျပန်နိုင်ငံ၊ တိုကျိုမှာပဲ လိုက်ဟဲဗီးဝိတ်တန်းပွဲကို ထိုးသတ်မှာဖြစ်တယ်လို့ One Championship CEO ကလည်း အတည်ပြုခဲ့ပါတယ်။ အဲ့ဒီပွဲကိုတော့ အောက်တိုဘာ ၁၂ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အသက် ၄၁နှစ် အရွယ်ရှိ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာဟာ အရပ် ၆ပေ ၃လက်မရှိပြီး MMA ပွဲပေါင်း ၂၄ပွဲမှာ ၁၆ပွဲနိုင်ထားပြီး ၇ပွဲ ရှုံးထားသူ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ တစ်ယောက်နဲ့တစ်ယောက်ထိုးသတ်ဖို့ သဘောတူညီခဲ့ပေမယ့် One Championship ပြိုင်ပွဲမှာတော့ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးကျွမ်းဝင်ကြတဲ့သူတွေဖြစ်တာကိုတွေ့ရပါတယ်။  

ဒီကနေ့ အောင်လအန်ဆန်းကတော့သူ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် One Championship နာမည်ကြီးဖိုက်တာကြီးတွေနဲ့အတူ တွဲရိုက်ခဲ့တဲ့ပုံရိပ်တွေကို ပြသခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဖိုက်တာတွေထဲမှာ တစ်ချိန်ကအနိုင်ယူခဲ့ဖူးသူတွေနဲ့အူ အခြားဝိတ်တန်းမှာ ချန်ပီယံတွေလည်းပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ ပြိုင်ပွဲမတိုင်မီ ရင်းရင်းနှီးနှီးအတူရိုက်ကူးခဲ့တဲ့ ဟဲဗီးဝိတ်တန်းက ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ အောင်လအန်ဆန်းတို့ရဲ့ ပုံရိအချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Aung La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။