ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်လို့ပြောလိုက်တာနဲ့ဂျူဗင်တပ်အသင်းရဲ့တိုက်စစ်မှူးရော်နယ်ဒိုကိုပြေးမြင်မိမှာဖြစ်ပါတယ်။သူကတော့ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုတွေကိုအကြိမ်ကြိမ်ဆွတ်ခူးနိုင်ပြီးအသင်းကိုလည်းအောင်မြင်မှုတွေအများအပြားယူပေးနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

သူကတော့သူကစားတဲ့အသင်းတိုင်းမှာဆုဖလားတွေနဲ့အောင်မြင်မှုတွေကိုဆွတ်ခူးပေးနိုင်တာဖြစ်ပါတယ်။ခုဂျူဗင်တပ်အသင်းမှာလည်းခြေစွမ်းပြဂိုးတွေနဲ့နိုင်ပွဲတွေယူပေးနေတာကြောင့်ပရိသတ်တွေချစ်နေရတာပါ။သူ့ကတော့တစ်ခြားနာမည်ကျော်ကစားသမားတွေနဲ့မတူတဲ့အချက်တစ်ချက်ရှိပါတယ်။ပရိသတ်တွေလည်းအဲ့အချက်ကိုအမြဲစိတ်ဝင်စားနေကြတာပါ။

သူကတော့ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ဖြစ်ပေမယ့်သူ့ခန္ဓာကိုယ်မှာတက်တူးမရှိပါဘူး။ပရိသတ်တွေကလည်းသူတက်တူးမထိုးတဲ့အကြောင်းကိုစိတ်ဝင်စားနေကြတာပါ။နာမည်ကျော်တွေဖြစ်တဲ့မက်ဆီတို့မှာတောင်တက်တူးတွေရှိပြီးဒိုလေးမှာတက်တူးမရှိတာကတော့သူဟာသွေးလှူတဲ့သူတစ်ယောက်ဖြစ်ပါတယ်။တက်တူးထိုးတာဟာလည်းပိုပြီးအဆိပ်ဖြစ်စေတာကြောင့်တက်တူးမထိုးတာဖြစ်ကြောင်းပရိသတ်တွေကိုတင်ဆက်ပေးလိုက်ကပါတယ်။

PHOTO:GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။