ရွှေကစ်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီး သူမရဲ့ သရုပ်ဆောင်ကောင်းချက်တွေကြောင့် အကယ်ဒမီတွေရရှိသည်အထိ အောင်မြင်နေတဲ့ စွယ်စုံရအနပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ရွှေကစ်ကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုအမှုလေးတွေ ချစ်စရာအပြုံးလေးတွေကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်နေသူလေးပဲဖြစ်ပါတယ်။

ရွှေကစ်ကတော့ ချောမောလှပတဲ့ ရုပ်ရည်လေးအပြင် ထူးချွန်တဲ့သရုပ်ဆောင်စွမ်းရည်တွေကြောင့် လူကြိုက်များအောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် အသက်သွင်းပြီး သရုပ်ဆောင်နိုင်တဲ့ ရွှေကစ်လေးက အလုပ်တစ်ခုကို စိတ်ရောကိုယ်ပါနဲ့အောင်မြင်အောင် သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။ 

ယနေ့မှာတော့ ရွှေကစ်လေးပါဝင်ထားတဲ့ လိပ်ပြာစံအိမ်ရုပ်ရှင်ဟာ နိုင်ငံခြားမှာ ပရိသတ်တွေရဲ့တခဲနက်အားပေးမှုနဲ့အောင်မြင်မှုရရှိနေခဲ့ပါတယ် ။ရွှေကစ်လေးကတော့ တကူးတကလာရောက်အားပေးတဲ့ ပရိသတ်တစ်ဦးကို စိတ်ရှည်ရှည်နဲ့ အမှတ်တရလက်မှတ်ရေးထိုးနေတဲ့ ဗီဒီယိုလေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

SOURCE: ရွှေကစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။