ထပ်ဆင့်အကယ်ဒမီ မင်းသမီးကြီး မေသန်းနုကတော့ နှိုင်းယှဉ်လို့မရလောက်အောင် သဘာဝကျပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ အောင်မြင်မှုသရဖူဆောင်းလာခဲ့တာဟာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ အံ့အားသင့်လောက်အောင် အရွယ်တင်နုပျိုလှပတဲ့ မေသန်းနုက ယနေ့တိုင်အောင် ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးနဲ့ ပရိသတ်တွေရဲ့ အချစ်ကိုခံယူထားဆဲ ဖြစ်ပါတယ်။ 

မေသန်းနုကလဲ တစ်ချိန်တုန်းက မြန်မာရုပ်ရှင်လောကရဲ့ ထိပ်တန်းကြယ်ပွင့်တစ်ယောက်ဖြစ်သလို ယနေ့အချိန်ထိလဲ အောင်မြင်နေသူဖြစ်ပါတယ်။ ။ လူငယ်တွေထက်တောင် ခေတ်မှီဆန်းသစ်တဲ့ဖက်ရှင်တွေနဲ့ အမြဲလှနေတတ်တဲ့ မမဆင့်တစ်ယောက် အခုလည်း ပရိသတ်တွေရဲ့အသည်းကို ခြွေယူလိုက်ပါတယ်။

ယနေ့မှာတော့ မေသန်းနုတစ်ယောက် ယနေ့တိုင်မေတ္တာမပျက် အားပေးတဲ့ပရိသတ်တွေရဲ့ လက်ဆောင်လေးကြောင့် အရမ်းပျော်ရွင်ပြီး ပီတိဖြာခဲ့ရပါတယ်။ မေသန်းနုကတော့ " Thank my We Love!အရမ်းပျော်တယ်နော်ဒီနေ့။ " ဆိုပြီးရေးသားထားရာ အဆိုပါပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

SOURCE: မေသန်းနု

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။