ချယ်လ်ဆီးအသင်းနဲ့ဘယ်ဂျီယံအသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ဟာဇက်ကတော့ပရိသတ်တွေကိုသွင်းဂိုးတွေနဲ့ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ကစားသမားဖြစ်ပါတယ်။သူကတော့ချယ်လ်ဆီးအသင်းမှာလည်းအရေးပါတဲ့သွင်းဂိုးတွေနဲ့တူတူအောင်မြင်မှုတွေယူပေးနိုင်တာပါ။သူ့ရဲ့ခြေစွမ်းတွေကလည်းအသင်းတိုင်းလျော့တွက်မရအောင်ပဲဖြစ်နေတာပါ။

သူ့ရဲ့ခြေစွမ်းတွေကြောင့်စပိန်ထိပ်သီးရီးရဲမက်ဒရစ်အသင်းကလည်းခေါ်ယူဖို့အသည်းအသန်ကြိုးစားနေတာဖြစ်ပါတယ်။ပြောင်းရွေ့ဖို့သတင်းတွေထွက်နေပေမယ့်လည်းချယ်လ်ဆီးအသင်းပရိသတ်တွေကတော့သူကို့အသင်းမှာပဲဆက်ရှိချင်နေတာဖြစ်ပါတယ်။ဒါကြောင့်အပြောင်းအရွေ့ရာသီမှာပရိသတ်တွေကလည်းဘယ်လိုတွေဖြစ်လာမလဲဆိုတာစောင့်ကြည့်နေတာပါ။

သူ့ရဲ့ခြေစွမ်းတွေကပွဲတိုင်းမှာကောင်းမွန်ပြီးဂိုးတွေသွင်းယူနိုင်တာကြောင့်ပရိသတ်တွေကသူ့ရဲ့ခြေစွမ်းကောင်းမွန်တာတွေကိုစိတ်ဝင်စားနေတာပါ။သူ့ခြေစွမ်းတွေပြပြီးဂိုးတွေသွင်းနိုင်တာကတော့လေ့ကျင့်ရေးကွင်းမှာသူ့ရဲ့ကြိုးစားမှုတွေကအံ့မခန်းပါပဲ။သူများတွေထက်ပိုတဲ့လေ့ကျင့်ခန်းတွေကိုဘယ်လိုလေ့ကျင့်လဲဆိုတာအောက်ကvideoလေးကိုကြည့်ပြီးသုံးသပ်ကြပါဦးနော်။

SOURCE:Oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။