ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးအကောင်တွေများစွာရှိတဲ့ အထဲမှာမှ Box Jellyfish လို့ခေါ်တဲ့ ဂျယ်လီငါးလေးကတော့ ကမ္ဘာ့နံပါတ်တစ်နေရာကိုရရှိထားပါတယ်။ အကောင်ငယ်ပေမယ့် အဆိပ်ပြင်းတယ်ဆိုတဲ့ စကားပုံဟာ ဒီဂျယ်လီငါးလေးကို ရည်ညွှန်းထားသလားတောင် ထင်ရပါတယ်။

ဂျယ်လီငါးတွေရဲ့ အဆိပ်ဟာ လူတစ်ယောက်ရဲ့ နှလုံး၊အာရုံကြောစုစည်းမူ စနစ်၊အရေပြားဆဲလ် စသည်တို့ကို ချက်ခြင်းပျံနှံနိုုင်တဲ့အစွမ်း၇ှိပါတယ်။ ဂျယ်လီငါးရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို ထိမိရုံနဲ့ တင် လူတစ်ယောက်ကို သေဆုံးသွားစေနိုင်လောက်ပါတယ်။

ဘာကြောင့်လဲဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ်ဟာ အလွန်ပျော့လှပြီး ထိတွေ့မိလိုက်တဲ့လူဟာ နှလုံးကောင်းစွာအလုပ်မလုပ်နိုင်တော့ ကမ်းခြေရောက်အောင် မကူးခတ်နိုင်တော့ပဲ အသက်ဆုံးရှုံးသွားနိုင်ပါတယ်။ အခုလို ကြောက်ခမန်းလိလိ အဆိပ်တွေကို ပိုင်ဆိုင်ထားတဲ့ ဂျယ်လီငါးလေးတွေဟာ အာရှ နှင့် သြစတေးလျှ ပင်လယ်ရေပိုင်နက်အချို. ကျင်လည်ကျက်စား တတ်ကြပါတယ်။

Source : Naykhyan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။