ပြီးခဲ့တဲ့ဧပြီလ ၂ ရက်နေ့မှာတော့ အမေရိကန် ဖလော်ရီဒါ မာရာလာဂို အပန်းဖြေစခန်းကို တရုတ်သူလျှို တစ်ရောက် ဝင်ရောက်ခဲ့ပါတယ်။

သို့ပေမယ့် ထောက်လှမ်းရေးအဖွဲ့ဟာ စစ်ဆေးရေးဂိတ်တွေကို ဖြတ်ပြီး ဝင်လာတဲ့ ၎င်းတရုတ်သူလျှို အမျိုးသမီးကို ဖမ်းဆီးထိမ်းသိမ်းနိုင်ခဲ့ပါတယ်။

၎င်းအမျိုးသမီးရဲ့နာမည်ကတော့ ကျန်းယွီကျင်းဖြစ်ပြီး သူမဟာ တရုတ်နိုင်ငံကူး လက်မှတ်နှစ်ခု ကိုင်ဆောင်ထားပါတယ်လို့ သိရပါတယ်။

ဒါ့အပြင် သူမကိုဖမ်းမိချိန်မှာ သူမနဲ့အတူ လက်ကိုင်ဖုန်းလေးလုံး ၊ ခရီးဆောင်ကွန်ပျူတာလုံး၊ external hard drive တခုနဲ့ မီမိုရီစတစ်တခု တို့ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

သူမဆီကသိမ်းဆည်းရရှိခဲ့တဲ့ မီမိုရီစတစ်ထဲမှာဆိုလို့ရှိရင်လည်း ကွန်ပျူတာနဲ့ ဆာဗာတွေကို ထိခိုက်စေနိုင်တဲ့ Malware ပါရှိတယ်လို့သိရပါတယ်။

သို့ပေမယ့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူ့အနေနဲ့ ဘာမှစိုးရိမ်တာ မရှိဘူးလို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။