မကြာခဏဖြစ်ပေါ်တက်တဲ့ ပြည်တွင်း မီးလောင်မှုသတင်းတွေကိုတတော့ အားလုံးလည်း ကြားမိကြမယ်ထင်ပါတယ်။ ကြောက်စရာကောင်းတဲ့ မီးဘေးဒုက္ခကြောင့် သေဆုံးသူများစွာနှင့်အတူ ဘဝပျက်ခဲ့ရသူတွေလည်းများစွာဖြစ်ပေါ်ခဲ့တာအားလုံးအသိပဲဖြစ်မှာပါ။ ဒီကနေ့ ဧပြီလအစောပိုင်း ၅ရက်နေ့မှာလည်း ပဲခူးတိုင်းဒေသကြီးအတွင်း မီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။     

အဆိုပါ မီးလောင်မှုကတော့ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပြည်မြို့ ကျောင်းကြီးအိုတန်းရပ်ကွက် ရုံးလမ်းရှိ လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းက လောင်ကျွမ်းခဲ့တာဖြစ်ပြီး သွပ်မိုး နှစ်ထပ် ပျဉ်ထောင်အိမ် တစ်လုံးရှိ တီဗွီ Safe Guard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ လည်းကောင်းအိမ်ဘေးရှိ ဦးစိုးမြင့်ပိုင်ဆိုင်သည့် (၂၀x၂၀)ပေ သွပ်မိုးထရံကာနေအိမ်မှ နေအိမ် အကာထရံ ၁၀ ပေခန့်ပါ မီးကူးစက်လောင်ဆုံးရှုံးခဲ့ပြီး ယင်း မီးလောင်မှုကြောင့် ငွေကျပ် (၂၁၀၀ ၀၀၀)ခန့် မီးလောင်ဆုံးရှူံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရပါတယ်။  

မီးမတော်တဆမှုဖြစ်ပွားရာသို့ သန္ဓေတပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ်ငါးစီး ၊ အရန် မီးသတ်တပ်ဖွဲ့မှ ၁၆ စီး စုစုပေါင်း ၂၁ စီး နှင့်အတူ ခရိုင်မီးသတ်ဦးစီးမှူး နှင့် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းငြိမ်းသတ်ခဲ့ရာ ၉ နာရီ ၅၅ မိနစ်အချိန်တွင် အပြီးသတ်ငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါ မီးမတော်တဆမှု့ကြောင့် နေအိမ်ပိုင်ရှင် ဦးကြီးတင် ကို ပြည်မြို့ အမှတ် ၁ ရဲစခန်းတွင် ပြစ်မှု့ အမှတ်၊ပ-၃၅၁/၂၀၁၉၊ ပုဒ်မ ၂၈၅ ဖြင့်အမှု့ဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။

pHOTOS - tHE MIRRO DAILY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။