ခိုင်နှင်းဝေကတော့ အနပညာလောကရဲ့ အောင်မြင်နေတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ထင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို အားသွန်ခွန်စိုက်လုပ်ကိုင်နေသူလေးပဲဖြစ်ပါတယ်။ 

ယနေ့မှာတော့ ခိုင်နှင်းဝေတစ်ယောက် သားလေး၃ယောက်ကို ရင်ခွင်ထဲကိုထည့်ပြီး ချီထားပြီး သားလေးတွေကို အမြဲပြုံးပျော်နေခဲ့ပါတယ်။ ခိုင်နှင်းဝေကတော့ "အားလုံးပဲ မင်္ဂလာရှင်,,,ကျမရဲ့ FB Account ထဲမှ မေမေတွေ,ဖေဖေတွေကို အလှူခံပို့စ်လေးတင်ပါရစေနော်. ဖေဖေ,မေမေ မဟုတ်တဲ့ စေတနာရှင်များလည်းပါဝင်လှူဒါန်းနိုင်ပါတယ်...အခုဆိုရင် ကျမမှာ သားလေး ၂ယောက်, သမီးလေး၃ယောက် ရှိနေပါပြီ. ကလေးတွေကို ထားစရာနေရာအခက်အခဲရှိတဲ့အတွက် မရှင်ငြိမ်းမယ်ရဲ့အကူအညီနဲ့သန်လျင်သဘာဝရိပ်သာဆရာတော်ဘုရားကြီးမှ ကလေးတွေနေထိုင်ဖို့အဆောင်နေရာတခုပေးခဲ့ပါတယ်။ 

နေစရာနေရာထိုင်ခင်း အဆင်ပြေသွားပြီဆိုပေမယ့်. ကလေးတွေအတွက် နေ့စဉ်အသုံးပြုနေရတဲ့ ပုခက်,, နို့မှုန့်,, လသားအရွယ်ကလေးအဝတ်အစားများ,, ဒိုက်ဘာ,, ကလေးလိုးရှင်း,, စတဲ့အရာတွေအတွက် အလှူရှင်များလိုအပ်နေပါတယ်.ဖေဖေ,မေမေ, တို့ရဲ့ သားသား,မီးမီးလေးတွေ မသုံးတော့တဲ့ ပုခက်တွေ ရှိရင်လည်းအလှူခံပါရစေ... ကျမအနေနဲ့ကလေးတွေကိုကြည့်ပေးတဲ့ဝန်ထမ်းတွေ အများကြီးမဌားနိုင်လို့ ကလေးတွေကို အမြဲတမ်းချီထား,ပွေ့ထားဖို့အဆင်မပြေတဲ့အတွက် ပုခက်လေးတွေ လိုအပ်လို့ပါရှင်...အခုကလေး၄ယောက်အတွက် တစ်ရက်ကို

Dupro-1 နို့မှုန့်ဗူးကြီး တဗူးကုန်ပါတယ်... တဗူးကို 11,000ကျပ်ပါ. ဒိုက်ဘာကပ်ခွာ တနေ့ကို အခု ၂၀ ကုန်ပါတယ်. (ဒိုက်ဘာဈေးတွေကအမျိုးမျိုးရှိလို့ဈေးနှုန်းမရေးတော့ဘူးနော်)နို့ဗူးဆေးတဲ့ဆေးရည် ၅ရက်ကို တဗူးကုန်ပါတယ် ... ကလေးတွေအတွက် ဝန်ထမ်းစရိတ်, နာ့စ်စရိတ်, ဆေးစရိတ်, စားစရိတ်, အထွေထွေအတွက် တစ်ရက်ကို ပျမ်းမျှ ၁သိန်းနီးပါးကုန်ကျပါတယ်...နောက်ဆိုကလေးတွေကများလာတော့မှာပါ. လာပေးသမျှကလေးတွေကိုလည်းလက်ခံချင်ပေမယ့် ပုံမှန်အလှူရှင်မရှိတဲ့အတွက် စီစစ်လက်ခံနေရပါတယ်. သားသား,မီးမီးတို့အတွက် လိုအပ်တဲ့အရာများကို ငွေသားဖြစ်စေ, ပစ္စည်းဖြစ်စေ ပါဝင်လှူဒါန်းပေးကြပါလို့ မေတ္တာရပ်ခံပါတယ်... " ဆိုပြီး ရေးထားပါတယ်။

source: Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။