မကြီးစန်းလို့ ချစ်စနိုးခေါ်ကြတဲ့ မိတ်ကပ်ခင်စန်းဝင်းရဲ့ ပထမဆုံးဇာတ်ကားဖြစ်တဲ့

" မကြီးစန်းနှင့်သူ၏ချစ်သူများ " ဗီဒီယိုဇာတ်ကားရိုက်ကူးပြီးတဲ့နောက်မှာ

နောက်ထပ် ဇာတ်ကားတွေ ရိုက်ကူးဖို့ ကမ်းလှမ်းခံထားရတယ်လို့ဆိုပါတယ် ...

တစ်ကားက စိန်းဌေးဗီဒီယိုက စီစဉ်ရိုက်ကူးမှာဖြစ်ပြီး နောက်ထပ် တစ်ကားကတော့ " မကြီးစန်းနှင့်သူ၏ချစ်သူများ " ကိုရိုက်ကူးတဲ့ဒါရိုက်တာ ဦးမြတ်ခိုင် နဲ့ပဲ ထပ်မံ ရိုက်ကူးဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

စိန်ဌေးက ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ ဝတ္ထုဆရာမ ပုညခင်ရဲ့ ဝတ္ထုဖြစ်ပြီး မင်းသားကိုတော့ ရွေးချယ်နေတုန်းလို့မော်ဒန် ဂျာနယ်မှာ ဖြေဆိုထားပါတယ်။

မကြီးစန်းတော့ မင်းသမီးဖြစ်တော့မှာပါလားနော် ... မကြီးစန်းကို အားပေးကြမှာလား ?ှ

Source : Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။