တောင်ဖရိကနိုင်ငံမှာရှိတဲ့ တိရစ္ဆာန် ဆာဖရီဥယာဉ်ထဲသို့ လေ့လာရေး ယာဉ်နဲ့ ရောက်လာခဲ့တဲ့ ကျောင်းသားတွေရဲ့ ကားကို ခင်္သြေ့ဖြူတစ်ကောင် ခုန်ပြီး ဝင်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပုံကတော့ တောင်အာဖရိကနိုငံ Bela Bela အရပ်မှာရှိတဲ့ ဆာဖရီ ဥယာဉ်ကို လေ့လာရေး အဖြစ် ကျောင်းသားတစ်စုက လာရောက်လည်ပတ်ခဲ့ကြပါတယ်။

သို့သော်လည်း တစ်နေရာအရောက်မှာတော့ သူတို့ရဲ့ လေ့လာရေးကားဟာ ခေတ္တရပ်နားစဉ်မှာ ခင်္သြေ့အဖြူနှစ်ကောင်ရောက်ရှိလာပြီး တစ်ကောင်ဟာ ကားပေါ်သို့ ခုန်ဝင်ခဲ့ပါတယ်။ ဒီလိုခုန်ဝင်ခဲ့တဲ့ ခင်္သြေ့ဟာ ကားပေါ်မှာ၇ှိတဲ့ ဘယ်သူကိုမှ ရန်မပြုပဲ နေခဲ့တဲ့ ကားပေါ်မှာ ပါလာတဲ့ ကျောင်းသားတွေအတွက် သက်သာရာ ရခဲ့ပါတယ်။

Tour Guide တွေရဲ့ အဆိုအရ ထိုခင်္သြေ့ဖြူတွေဟာ လူတွေနဲ့ အလွန်ယှဉ်ပါးပြီး လေ့လာရေးယာဉ်ကို သူတို့ရဲ့ ဆော့စရာ အရုပ်အဖြစ် မြင်နေတာကြောင့် အခုလို လုပ်တာဖြစ်မယ်လို့ ဆိုပါတယ်။ ထိုဆာဖရီဥယာဉ်ထဲမှာ ရှားပါးနေပြီဖြစ်တဲ့ ခင်္သြေ့ဖြူတွေကို ထိန်းသိမ်းစောင့်ရှောက်ထားတာဖြစ်ပြီး လူတွေနဲ့ ယဉ်ပါးအောင် လေ့ကျင့်သင်ကြားပေးထားတယ်လို့လည်း သိရပါတယ်။

Source : UPI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။