ချစ်ပရိတ်သတ်ကြီးရေ... ပရိတ်သတ်အတော်များများလည်း ဟယ်ရီပေါ်တာဇာတ်ကားကြီးကိုကြည့်ဖူးကြမှာပါ။ ဒီတော့ ဒီဇာတ်ကားထဲမှာပါတဲ့ Alnwick ရဲတိုက်ကြီး ဆိုတာလည်း အထူးတလည်ပြောပြစရာမလိုအောင်ကို ရင်းရင်းနှီးနှီးသိကျွမ်းပြီးသားပါပဲနော်။ ဒီရဲတိုက်ကြီးထဲမှာ လူတစ်ယောက်ကို ချက်ချင်း စက္ကန့်ပိုင်းအတွင်းသေစေနိုင်တဲ့ အဆိပ်ပင်တွေ ရာနဲ့ချီပြီးရှိတယ်ဆိုရင်ကော ပရိတ်သတ်ကြီးယုံလား? တကယ် ယုံကြည်လိုက်ပါနော်။ ဒီကြောက်စရာကောင်းတဲ့ အဆိပ်ပင်တွေ ဟာ ဒီကမ္ဘာကျော်ရဲတိုက်ထဲမှာ စနစ်တကျကို စိုက်ပျိုးထားတာပါ။

(၁၉၅၀) ခုနှစ်လောက်မှာ နော့သ်သန်းဘားလန်းဒ်မြို့ရဲ့ ပထမဆုံးမြို့စား ဟာ ဒီဥယျာဉ်တည်ထောင်ဖို့ အစီအစဉ်တွေလုပ်ခဲ့ပေမယ့် ကောင်အထည်မပေါ်ခဲ့ပါဘူး။ ဒီအစီအစဉ်ကိုလက်ဆင့်ကမ်းရင်း လေးယောက်မြောက်မြို့စားကြီးရဲ့လက်ထက်မှာတော့အကောင်အထည်ပေါ်လာပြီး ဒုတိယကမ္ဘာစစ်မှာ ဒီအဆိပ်ဥယျာဉ်ကပြန်ပြီးပျက်စီးခဲ့ရပါတယ်နော်။ (၁၉၉၇)မှာ မလျော့သောဇွဲနဲ့ မြို့စားကတော် ဂျိန်းပါစီက ပြန်လည်တည်ထောင်ခဲ့တဲ့ နေရာမှာ ယနေ့အချိန်မှာတော့ လူသတ်အဆိပ်တွေ ရာနဲ့ချီပြီးရှိတဲ့ အိပ်ဥယျာဉ်ကြီးဖြစ်နေခဲ့ပါပြီနော်။

ကမ္ဘာအရပ်ရပ်က ပြင်းပေ့ ဆိုတဲ့ အဆိပ်အပင်တွေကို ဒီဥယျာဉ်ထဲမှာတွေ့နိုင်ပါတယ်နော်။ Greek philosopher Socrates ကို ဘဝတစ်ပါးပို့ခဲ့တယ်ဆိုတဲ့ Hamlockလိုရှားပါး အဆိပ်ပင်မျိုးစိတ်တွေကိုလည်း ဒီဥယျာဉ်ထဲမှာတွေ့ရသလို Atropa Bellaကို နောင်ဘဝကူးစေခဲ့တဲ့ Nightshade လို အဆိပ်မျိုးတွေကိုလည်းတွေလည်း ရှိပါသတဲ့။ ရည်ရွယ်ချက်ကတော့လူတွေကိုပညာပေးအနေနဲ့ပြသဖို့လို့ဆိုပေမယ့် အကြောင်းအရင်းမရှိဘဲနဲ့တော့ ဘယ်သူ့ကိုမှဥယျာဉ်ထဲပေးမဝင်ပါဘူးတဲ့။ ထူးတော့ထူးဆန်းတယ်နော်။ ကဲ... ဒီတော့ ဒီထဲမှာဘယ်လောက်တောင်အဆိပ်ပြင်းတဲ့ အပင်တွေစိုက်ပျိုးထားလဲ ကြည့်လိုက်ကြရအောင်....

Source : alnwick castle

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။