ဒီဖြစ်ရပ်လေးကတော့ ပြီးခဲ့ဧပြီလ ၂ ရက်နေ့က ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်လေးတခုပဲဖြစ်ပါတယ်။

ဖြစ်ပုံကတော့ ဘေးထိုအဲ လို့ခေါ်တဲ့ ထိုင်းအမျိုးသမီးလေးတစ်ဦးဟာ သူမချစ်သူရဲ့ ဆိုင်ကယ်နောက်ကလိုက်စီးလာစဉ် အငှားယာဉ်မောင်းတစ်ဦးဟာ ကားမောင်းနေရင်းနဲ့ ကားထဲမှာ ညစ်ညမ်းဗီဒီယိုကားကြည့်နေတာကို တွေ့ရှိရပါတယ်။

အစကတော့ သူမဟာ youtube ကြည့်နေတယ်လို့ ထင်ခဲ့ပေမယ့် သေချာကြည့်လိုက်တဲ့အချိန်မှာ ညစ်ညမ်းဗီဒိယိုကားဖြစ်နေတာကြောင့် ဘေးထိုအဲ ဟာ သူမရဲ့ချစ်သူကို ၎င်းကားနောက်ကို ဆယ့်ငါးမိနစ်လောက် လိုက်မောင်းစေခဲ့ပြီး ဗီဒီယိုရိုက်ကာ မှတ်တမ်းတင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဘေးထိုအဲဟာ သူမရိုက်ကူးထားတဲ့ ၎င်းဗီဒီယိုကို ကြောက်မက်ဖွယ်ရာ တက္ကဆီ ၊ တကိုယ်တော်သွားလာလှုပ်ရှားနေရတဲ့ အမျိုးသမီးတို့အတွက် ဦးတည်လာတဲ့ အန္တရာယ် လို့ခေါင်းစဉ်တပ်ကာ လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေခဲ့တာပဲဖြစ်ပါတယ်။

ဒီဗီဒီယိုကို မြင်တွေ့လိုက်ရတဲ့ အမျိုးသားတချို့ဟာဆိုရင်လည်း ညစ်ညမ်းကားကြည့်တာဟာ တရားမဝင်တဲ့အလုပ်တခုတော့မဟုတ်ပေမယ့် ကားမောင်းနေစဉ် အခုလိုကြည့်နေတာက ဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

ဒီဗီဒီယိုကိုတင်ခဲ့တဲ့ မိန်းမချောလေး ဘေးထိုအဲဟာဆိုရင်လည်း အခုလိုမရိုးမဖြောင့်အလုပ်ကိုလုပ်ကိုင်နေတဲ့ အငှားယာဉ်မောင်း တဦးရဲ့လုပ်ရပ်ကို အမျိုးသမီးလေးတွေကို သိရှိစေလိုတာကြောင့် လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

video credit - Bai'Toei Mnw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။