ဧပြီလ ၆ ရက်နေ့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနေရာ၊ ဒုဥက္ကဋ္ဌ နေရာများ ရွေးကောက်ပွဲ အခမ်းအနားတွင်ကိုကျင်းပခဲ့တာပဲ ။ဒီရွေးကောက်ပွဲကိုမြန်မာဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်လည်းယှဉ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

AFC ဒုတိယ ဥက္ကဋ္ဌနေရာ အတွက် အာဆီယံ ဘောလုံး အဖွဲ့ချုပ်မှ အဆိုပြုထားသူ (၃)ဦးအနက်မလေးရှားနိုင်ငံမှထွက်ခွာသွားသဖြင့်မြန်မာမှ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဗီယက်နမ်မှ Dr Tran Quoc Tuan တို့ နှစ်ဦးအနက် တစ်ဦးကိုသာ မဲပေးရွေးချယ် ရတော့မှာဖြစ်ပါတယ်။ဦးဇော်ဇော်ကတော့မြန်မာနိုင်ငံဘောလုံးကိစ္စနဲ့ပတ်သက်ရင်လည်းငွေကုန်ကြေးကျခံပြီးတော့အောင်မြင်စေချင်တဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

၂၉ ကြိမ်မြောက် အာရှဘောလုံး အဖွဲ့ချုပ် ကွန်ဂရက်စ်နှင့် ရွေးကောက်ပွဲ အခမ်းအနားကို လက်ရှိအချိန်တွင် မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့ ရှန်ဂရီလာ ဟိုတယ်တွင် ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာရှဘောလုံး အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံခဲ့ရပြီး မြန်မာ့ဘောလုံး သမိုင်းတလျောက် ပထမဦးဆုံး အာရှအဆင့်မြင့်ရာထူးတစ်ခုကို မြန်မာနိုင်ငံမှ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ အာရှ ဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ ဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ဦးဇော်ဇော်အား ထောက်ခံအားပေးခဲ့ကြပြီး Asean Zone မှ တစ်ဦးတည်း ဝင်ရောက် ရွေးချယ်ခံသူအဖြစ် AFC ဒုတိယ ဥက္ကဋ္ဌနေရာအား ရရှိခဲ့ခြင်းဖြစ်သည်။

Source- MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။