ကောင်းမွန်ပြီးအားပြင်းတဲ့လက်စွမ်းတွေကြောင့်အာစီယံနိုင်ငံတွေအပြင်အာရှထိပ်သီးနိုင်ငံတွေရဲ့ကလပ်တွေကတောင်ခေါ်ယူပြီးကစားနေရတာကတော့မြန်မာ့လက်ရွေးစင်ဘော်လီဘောအသင်းကစားသမားအောင်သူပဲဖြစ်ပါတယ်။သူ့ရဲ့လက်စွမ်းတွေကတော့ကလပ်အသင်းတိုင်းမှာလက်စွမ်းပြနိုင်တာကြောင့်ပရိသတ်တွေမီဒီယာတွေရဲ့ချီးကျူးခြင်းကိုအများဆုံးခံနေရတာဖြစ်ပါတယ်။

သူကတော့ခုမှာဂျပန်ကလပ်တိုရေးဘော်လီဘောကလပ်အသင်းမှာကစားနေတာဖြစ်ပါတယ်။သူကတော့တိုရေးအသင်းမှာလက်စွမ်းပြနိုင်တာကြောင့်ဂျပန်မီဒီယာတွေခဏခဏချီးကျူးခံရတဲ့ကစားသမားဖြစ်ပါတယ်။သူ့ရဲ့လက်စွမ်းတွေကြောင့်ယခုမှာတော့တိုရေးအသင်းမှာဂျပန်လိဒ်ပြိုင်ပွဲမှာတတိယရရှိခဲ့ပါတယ်။

ဂျပန်လိဒ်ပြိုင်ပွဲမှာအသင်းပေါင်း၁၀သင်းပါဝင်ယှဉ်ပြိုင်ကစားကြတာဖြစ်ပါတယ်။အောင်သူကတော့တိုရေးအသင်းကိုအငှားဖြင့်သွားရောက်ကစားနေတာဖြစ်ပါတယ်။အောင်သူကစားချိန်မှာပိုပြီးနိုင်ပွဲတွေရလာတာဖြစ်ပြီးသူ့ရဲ့လက်စွမ်းတွေကိုပရိသတ်တွေပိုသတိထားလာမိတာပါ။ပရိသတ်တွေအတွက်လည်းအာရှထိပ်သီးနိုင်ငံမှာလက်စွမ်းတွေပြပြီးအောင်ပွဲတွေယူခဲ့တဲ့အောင်သူရဲ့ပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:AUNG THU

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။