မော်ဒယ်၊သရုပ်ဆောင် အလင်းရောင် ဟာ ဧပြီလ(၄)ရက်နေ့ညမှာ သူငယ်ချင်းတွေဆီက မွေးနေ့စပရိုက် ကြောင့် ညကြီးမင်းကြီး အံ့အားသင့်ပျော်ရွှင်ခဲ့ရပုံပါပဲ။

မနေ့ကဖြစ်သည် ဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင်ခဲ့တဲ့ အလင်းရောင် ဟာ မန္တလေးက သူတည်းခိုရာ အခန်းထိ သူ့သူငယ်ချင်းတွေက ည(၇)နာရီဝန်းကျင်ခန့်မှာ မွေးနေ့ကိတ်မုန့်နဲ့ ပူဖောင်းတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် စပရိုက်လုပ်တာခံလိုက်ရပါတယ်။

သူငယ်ချင်းတွေကလည်း သူ့ကို အတော်လေးချစ်ပုံရပါတယ်

မိန်းကလေးပရိသတ်အများစုရဲ့ အခိုင်အမာအားပေးမှုရရှိနေတဲ့ အလင်းရောင်တစ်ယောက် မကြာသေးမီရက်ပိုင်းက ခိုင်သင်းကြည်နဲ့ အတူ ရုပ်ရှင်ဇာတ်ကားတစ်ကားကိုလည်း ရိုုက်ကူးခဲ့တယ်လို့သိရပါတယ်။

အလင်းရောင် ကို အားပေးတဲ့သူတွေရှိလား..။

သတင်းအရင်းမြစ် Alin Yaung fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။