ရော်နယ်ဒိုဆိုတာနဲ့အမြဲတမ်းအားကျနေရပြီးသူ့ရဲ့ခြေစွမ်းတွေကပရိသတ်တွေကိုအမြဲလိုလိုအံ့အားသင့်အောင်လုပ်တာကြောင့်သူ့စကေးတိုင်းကိုပရိသတ်တွေအမြဲမျှော်လင့်နေတာပါ။ဂျူဗင်တပ်အသင်းကိုယခုနှစ်ဘောလုံးရာသီမှပြောင်းရွေ့ခဲ့ပေမယ့်အသင်းအတွက်မရှိမဖြစ်အနိုင်ဂိုးတွေသွင်းပြီးအရေးပါတဲ့သူတစ်ယောက်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။

သူကတော့အသင်းတိုင်းကကြောက်ကတဲ့ကစားသမားဖြစ်ပါတယ်။အသက်တွေကြီးလာပေမယ့်သူ့ရဲ့ခြေစွမ်းတွေကယနေ့တိုင်အကောင်းဆုံးရှိပြီးပရိသတ်တွေချစ်နေရတဲ့ကစားသမားဖြစ်ပါတယ်။ကမ္ဘာအကောင်းဆုံးကစားသမားဆုတွေကိုအကြိမ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီးဆုတွေနဲ့လိုက်အောင်ခြေစွမ်းတွေရှိနေတာဖြစ်ပါတယ်။

သူကတော့ဘောလုံးလောကမှာအောင်မြင်ရုံသာမကပျော်ရွှင်စရာမိသားစုဘဝကိုပါပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူတို့မိသားစုလေးကလည်းစည်းစည်းလုံးလုံးနဲ့ရှိတာကြောင့်ပရိသတ်တွေအားကျနေရတာဖြစ်ပါတယ်။သူတို့မိသားစုပုံရိပ်လေးတွေကိုလည်းလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးခုမှာလည်း Rolls Royce ကားကြီးပေါ်မှာမိသားစုလိုက်ပျော်ရွှင်စွာသီချင်းတွေဆိုနေကြတဲ့ပုံရိပ်လေးကကြည့်နေတာနဲ့တင်ကြည်နူးမှုတွေပိုစေတာဖြစ်ပါတယ်။ရော်နယ်ဒိုကိုအမြဲအားပေးပြီးချစ်ခင်နေတဲ့ပရိသတ်ကြီးအတွက်လည်းသူတို့မိသားစုရဲ့ကြည်နူးဖွယ်videoလေးကိုတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:georginagio

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။