ပရိသတ်တွေရဲ့ အချစ်ောတ် မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောစူးရှထက်ကိုတော့ ချစ်ပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးစရာ မလိုတော့လောက်အောင် ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့ အချစ်တော်လေး စူးရှထက်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားသလို အချိုးအစားကျပြီး ညို့အားပြင်းလွန်းတဲ့ အမိုက်စားခန္ဓာကောက်ကြောင်းအလှတွေကြောင့်လည်း ပရိသတ်တွေကြား အမြဲရေပန်းစားသူလေးလည်း ဖြစ်ပါတယ်နော်..။

အခမ်းအနားပွဲတော်တော်များများကို တက်ရောက်ဖြစ်နေတဲ့ စူးရှထက်ကတော့ ပြီးခဲ့တဲ့ဧပြီ(၇)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Bass Kingdom Music Festival မှာလည်း အပြတ်ကဲခဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

The ONE Entertainment Park မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Bass Kingdom Music Festival မှာ သူငယ်ချင်းတွေနဲ့အတူ ခပ်မိမိအလန်းစားဖက်ရှင်တွေနဲ့ EDM ပွဲမှာ အပြတ်ကဲခဲ့တဲ့ အမိုက်စားပုံရိပ်လေးတွေ ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်..။

အမိုက်စားဖက်ရှင်ဒီဇိုင်းလေးနဲ့ ချစ်စရာကောင်းစွာ လန်းနေတဲ့ ပေပီလေးရဲ့ ပုံရိပ်လေးတွေကိုလည်း “မထင်မှတ်ပဲ ဆုံတွေ့တုန်းလေး ဆယ်လ်ဖီး..”ဆိုပြီး မျှဝေပေးထားတာမို့ ချစ်ပရိသတ်တွေကို တကယ်ပဲ အချစ်ပိုကြစေမှာ အမှန်ပါပဲနော်..။

ဒီကနေ့လေးမှာလည်းတော့ အသည်းကျော် ပရိသတ်တွေအတွက် EDM ပွဲလေးမှာ အပြတ်ကဲခဲ့တဲ့ စူးရှထက်ရဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ အားပေးကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo - စူးရှထက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။