အကယ်ဒမီ ဗေလုဝ ကတော့ အနုုပညာပိုင်းသာမကပဲ စာပေတွေလည်း ရေးသားထုတ်ဝေတဲ့ သူတစ်ဦးဆိုတာ အားလုံးသိမှာပါ။

ဆယ်စုနှစ်တစ်ခုကြာအနုပညာလောကမှာ နေရာတစ်ခုအခိုင်အမာရနေပြီဖြစ်တဲ့ ဗေလုဝ ဟာ အရင်တုန်းကလို ဟာသဇာတ်ကားတွေမှာ ပေါပေါလောလောတွေ မလုပ်ချင်တော့တဲ့အကြောင်း အခုလို ဖွင့်ဟလာပါတယ်။

"လူတွေ လူတွေ ကိုးကွယ်ယုံကြည်မှုနဲ ့ ပတ်သက်ပြီး လွဲတတ်ကြတယ်။ တစ်ဖက်စွန်း ရောက်တတ်ကြတယ်။ ပြီးတော့ ကိုးကွယ်ယုံကြည်မှုနဲ ့ပတ်သက်ပြီး အလွဲသုံးစားမလုပ်ကြစေချင်ဘူး။ အဲဒီအသိ အဲဒီမက်ဆေ့ဂျ်ပေးချင်လို ့ကျွန်တော်ဝတ္ထုတစ်ပုဒ်ရေးခဲ့တယ်။

အဲဒီဝတ္ထုက အခုရုံတင်တော့ မယ့် ကြိုးဖြင့်ချည်ထားသော ဗာရဏသီ ဇာတ်ကားရဲ့ဝတ္ထုပါပဲ။ ဦးဗေ ခုနောက်ပိုင်းမှာ ဇာတ်ကားတွေ အရင်လောက် သိပ်မရိုက်တော့ဘူး။ အဲဒါ ဘာကြောင့်လဲဆိုရင် ကိုယ့်ဖာသာကိုယ်စိ စစ်လိုက်တဲ့ သဘောပါ။ ပေါပေါလောလော တွေမလုပ်ချင်တော့ဘူး။ အသက်အရွယ် လည်းရလာပြီလေ။ ရုပ်ရှင်ဆိုတာ ဟာသဖြစ် ဖြစ် ဒရာမာဖြစ်ဖြစ်ပါ။

ပရိသတ်ကြည့်ပြီးပြန် သွားရင် သူတို ့အတွက်ဘာ တစ်ခုပါသွားနိုင် မလဲဆိုတာအဓိကပါ။ အခု ဒီဇာတ်ကားဆို ရင် ဟာသဆိုပေမယ့် ပရိသတ်ပြန်သွား ရင် ကိုးကွယ်ယုံကြည်မှုကိုအလွဲသုံးစား မလုပ်ဖို ့ဆိုတဲ့ မက်ဆေ့ဂျ်က သူတို့ဆီမှာပါ သွားမှာပဲလေ။ ပရိသတ်ပြန်သွားရင်တစ်ခုခု ရင်ထဲပါသွားမှ ရုပ်ရှင်.. လေ။ ရုပ်ရှင်ဆိုတာ အဲဒီလိုဖြစ်နေရမယ်။

ပရိသတ်က ရုပ်ရှင်လာကြည့်ရင် ငွေကုန်တယ် အချိန်ကုန်တယ် လေ။ အဲဒီလိုကြည့်ပြီးမှ ဟာသဖြစ်ဖြစ် ဒရာမာဖြစ်ဖြစ်ပါ။ ကြည့်သာကြည့်လိုက်တယ် ရင်ထဲမှာ ဗလာနဲ ့ပြန်သွားရရင် ဘယ်အကျိုး ရှိမလဲလေ။ ဟာသကားဆိုပြီးတသောသောနဲ ့ရယ်နေ တာထက်စာရင် ရယ်လည်း ရယ်ရမယ်။

ကြည့်သောသူတွေရဲ့ဘဝအတွက်လည်း အထောက်အကူဖြစ်မယ်။ အတွေးအခေါ် အဘိဓမ္မာ တစ်ခုလည်း ပါသွားရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ဒါမှလည်း ပရိသတ်အတွက်လည်း ကောင်းမယ်။ ရုပ်ရှင်အဆင့်အတန်းလည်းကောင်းလာမယ်လေ"လို ့ဆိုလာသူက အကယ်ဒမီဗေလုဝပဲဖြစ်ပါတယ်။

အကယ်ဒမီဗေလုဝရေးသားထားတဲ့ဝတ္ထု ကို ရုပ်ရှင်ရိုက်ကူးထားတဲ့ကြိုးဖြင့်ချည်ထားသော ဗာရဏသီရုပ်ရှင်ဇာတ်ကားကြီး နှစ်ဆန်းတစ် ရက်နေ ့မှာ စတင်ကာရုံတင်တော့မှာဖြစ်တယ် လို ့သိ ရပါတယ်။

ဒါ့အပြင် ဗေလုဝက ယခုနောက်ပိုင်းမှာ စာပေဟောပြောပွဲတွေတောက်လျှောက် ဟောပြော နေရတဲ့အတွက် စာရေးခြင်းဘက် မှာ အချိန်သိပ်မပေးနိုင်လို့ ထွက်မယ်လို့စီစဉ် ထားတဲ့ဝတ္ထုက ထွက်မယ်ထွက်မယ်နဲ ့ကြာ နေရခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုပါ ပြောပြလာခဲ့ပါတယ်

သတင်းအရင်းမြစ် ဇင်ဇင်လင်း(MI Media)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။