မနေ့က ဧပြီလ ၇ ရက်နေ့မှာတော့ ပါကစ္စတန်အစိုးဟာ ဖမ်းဆီးထားတဲ့ အိန္ဒိယထောင်သား အယောက် ၁၀၀ ကို ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

အခုလို ပြန်လွှတ်ပေးမှုကတော့ ပြီးခဲ့တဲ့ လပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ နှစ်နိုင်ငံအကြား အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပေါ်ပြီးနောက်မှာ ပြုလုပ်လာတဲ့ ဝမ်းသာစရာ ကိစ္စရပ်တခုပဲဖြစ်ပါတယ်။

ပါကစ္စတန်ဘက်ကတော့ ၎င်း အိန္ဒိယထောင်သားတွေကို လားဟိုးမြို့ဆီ ရထားနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။

အဲ့ဒီနောက် ဒီကနေ့မှာဆိုရင်တော့ ၎င်းဖမ်းဆီးထားတဲ့ ထောင်သားတွေကို ဝါဂါ နယ်စပ်တံခါးပေါက်ကနေ အိန္ဒိနိုင်ငံထဲကို ပြန်လွဲပေးဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

ဒါ့အပြင် ပါကစ္စတန်အစိုးရဟာ ဒီကနေ့က စတင်ပြီး ဖမ်းဆီးထားတဲ့ အိန္ဒိယထောင်သား ၃၆၀ ကို လေးသုတ်ခွဲပြီး လွှတ်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။