ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ထိပ်တန်းကနေ ဒိတ်ဒိတ်ကြဲ အောင်မြင်နေတဲ့ သရုပ်ဆောင်အနုပညာရှင်တွေကို ပြောရမယ်ဆိုရင်တော့ အတွဲညီညီနဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုစေတဲ့ နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြသူတွေပဲ ဖြစ်ပါတယ်..။

အောင်မြင်တဲ့ အနုပညာရှင်တွေဖြစ်ကြသလို သရုပ်ဆောင်ပိုင်နိုင်ပီပြင်မှုတွေကလည်း ကြက်သီးထလောက်အောင် ကျရာဇာတ်ရုပ်တွေကို ကျွမ်းကျင်ပီပြင်လွန်းသာမက ပရော်ဖက်ရှင်နယ်ပီသတဲ့ အနုပညာရှင်စိတ်တွေကြောင့်လည်း ပြည်သူချစ်တဲ့ ထိပ်တန်းအနုပညာရှင်တွေအဖြစ် ရပ်တည်နေကြတာဆိုလည်း မမှားပါဘူးနော်..။

ပရိသတ်တွေရဲ့ အချစ်ောတ် နေတိုးနဲ့ အူဝဲတို့ရဲ့ ချစ်ပရိသတ်တွေအတွက် အခုတစ်ခါမှာလည်း နှစ်ယောက်အတူ အမိုက်စားသရုပ်ဆောင်ပီပြင်မှုတွေနဲ့အတူ ပရိသတ်တွေရှေ့ ထပ်မံရောက်ရှိလာဦးမှာပဲ ဖြစ်ပါတယ်နော်..။

ရသအစုံအလင်နဲ့ ပရိသတ်တွေဆီ ရောက်ရှိလာဦးမယ့် နေတိုးနဲ့ အူဝဲတို့ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ Box.88 ( သေတ္တာနံပတ် ၈၈) ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး လတ်တလောမှာလည်း ရိုက်ကူးနေဆဲပဲ ဖြစ်ပါတ်နော်..။

Box.88 ( သေတ္တာနံပတ် ၈၈) ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ 7th Sense Film Production က ထုတ်လုပ်ရိုက်ကူးထားတာဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်က ပုံဖော်ရိုက်ကူးနေကာ နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့အပြင် ထွန်းထွန်း၊ ရဲအောင်၊ သားညီ၊ ကာရာဗီ၊ ရွှေရင်အေး၊ နှင်းသွေးယုအောင်၊ မျိုးသက်ပိုင်၊ အိန်ဂျယ်(ကလေးသရုပ်ဆောင်) တို့နဲု့ အခြားအနုပညာရှင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်နော်..။

လတ်တလောမှာလည်း ရိုက်ကူးနေဆဲဖြစ်တဲ့ Box.88 ( သေတ္တာနံပတ် ၈၈) ရုပ်ရှင်ဇာတ်ကားကြီးပေါ်မှ ရိုက်ကွင်းအမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် အမြည်းလေး မျှဝေပေးလိုက်ပါတယ်နော်..။

Photo - 7th Sense Film Production

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။