ရှေးမြန်မာတွေရဲ့ အလေးနက်ထားရာတစ်ခုဖြစ်တဲ့ စည်တော်ကြီးတွေကိုတော့ ပရိသတ်တွေလည်း မြင်ဖူးတွေ့ဖူးကြမယ်ထင်ပါတယ်။ ရှေးအရင် သမိုင်းတွေနဲ့ ရာဇဝင်တွေမှာလည်း ထင်ရှားခဲ့တဲ့ မြန်မာ့ရိုးရာဓလေ့တစ်ခုဖြစ်သလို ယနေ့အထိလည်းပြည်တွင်းနေရာအနှံ့အပြားမှာတွေ့နေရဆဲဖြစ်ပါတယ်။ အဆိုပါ စည်တော်ကြီးတွေကို မြန်မာနိုင်ငံတွေသာမက ပြည်ပနိုင်ငံအချို့မှာလည်းတွေ့မြင်ရလေ့ရှိပြီး အထွဋ်အမြတ်ထားရာပစ္စည်းတစ်ခုဖြစ်တာလည်းတွေ့ရပါတယ်။  

မကြာသေးမီကပြုလုပ်လှူဒါန်းခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးစည်တော်ကြီးကို စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အင်းတော်ကြီး မြို့နယ် လက်ပံကုန်းကျေးရွာရှိ ရာဇာမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးတွင် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ အဆိုပါ စည်တော်ကြိးကတော့ စည်တော်ကြီးအား ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီတော်၏ အရှေ့တောင်ထောင့် မဟာဗောဓိဓမ္မာရုံအနီးတွင် ထားရှိခဲ့ကြောင်း သိရပါတယ်။  

စည်တော်ကြီးအား အင်းတော်သချိုင်းကုန်း ဖျက်ရာမှ ရရှိလာသည့် ကုက္ကိုလ်သားဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စည်တော်ကြီး၏ အရှည်မှာ (၁၀) ပေ (၈) လက်မ ၊ စည်တော်မျက်နှာပြင် ထိပ်ဝတစ်ဖက်လျင် အကျယ် (၅) ပေ (၄) လက်မ ရှိကာ စည်တော်ကြီး အလယ်နေရာမှာ (၆၄)လက်မရှိကြောင်း သိရပါတယ်။ စည်တော်ကြီး၏ အလယ်တွင် ကျန်သည့် သစ်သား စည်နေရာအပိုင်းကို မြတ်စွာဘုရား၏ (၁၀၈) ကွက်သော ဗုဒ္ဓခြေတော်ရာ စက်လက္ခဏာအား နတ်သားများ ပူဇော်နေသည့်ပုံ ကို ထည့်သွင်း၍ ကြည်ညိုဖွယ်ရာဖြစ်အောင် ပြုလုပ်ထားပြီး စည်အတွင်းပိုင်းတွင် ဂါထာများ၊ ဗာမဲ့ဆရာတော်၏ ဂါထာတော်နှင့် လောကီအစီအမံများ ထွင်းထုပါရှိကြောင်း သိရပါတယ်။ ကမ္ဘာ့အကြီးဆုံးစည်တော်ကြီးအဖြစ် မှတ်တမ်းတင်ထားတဲ့ ပြည်တွင်း စည်တော်ကြီး သယ်ဆောင်ပုံနဲ့ ထားရှိပုံအမှတ်တရများကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOT0S - PHYO THET NAING

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။