ထိုင်းပရီးမီးယားလိဒ်ဆိုတာအာစီယံဒေသတွင်းမှာပြိုင်ဆိုင်မှုပြင်းထန်ပြီးအကြိတ်အနယ်ရှိတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ပွဲစဉ်တိုင်းဟာလည်းပရိသတ်အပြည့်နဲ့တစ်ကယ်ကိုပြိုင်ဆိုင်မှုပြင်းထန်တာဖြစ်ပါတယ်။အသင်းတိုင်းကအိမ်ကွင်းကိုယ်စီရှိတာကြောင့်ပရိသတ်တွေကအိမ်ကွင်းပွဲစဉ်တိုင်းမှာကွင်းအပြည့်လာရောက်အားပေးကြပါပါ။

ထိုင်းပရီးမီးယားလိဒ်အသင်းတွေမှာတော့နိုင်ငံခြားကစားသမားတွေကိုလည်းခေါ်ယူကစားပြီးအာရှအဆင့်ပြိုင်ပွဲတွေမှာလည်းရလဒ်ကောင်းတွေရယူပေးနိုင်တာဖြစ်ပါတယ်။ထိုင်းပရီးမီးယားလိဒ်ဟာရာသီအစထဲကပြိုင်ဆိုင်မှုပြင်းထန်တာဖြစ်ပြီးချန်ပီယံဆုအတွက်ကြိုးစားကြသလိုအာရှချန်ပီယံလိဒ်ဝင်ခွင့်ရဖို့ကိုလည်းခက်ခက်ခဲခဲကြိုးစားရတာဖြစ်ပါတယ်။

ထိုင်းကလပ်အတိုင်းမှာလည်းအသင်းကိုအားကြိုးမာန်တက်အားပေးတဲ့ပရိသတ်တွေအမြဲရှိတာပါ။သူတို့ပရိသတ်တွေရဲ့အားပေးမှုတွေကလည်းတစ်ခြားသူတွေအားကျလောက်တာပါ။ကစားသမားတွေကလည်းပရိသတ်တွေအပေါ်တောင်းပန်တာတွေရှိနေတာပါ။ခုမှာလည်းပရိသတ်တွေအားကျအတုယူစေဖို့အတွက်မြောင်တောင်ကစားသမားတွေပရိသတ်တွေအပေါ်ပြန်တောင်းပန်တာကို အသင်းသီချင်းဆိုပြီးပြန်အားပေးနေတာကလည်းအတုယူအားကျဖွယ်ဖြစ်တာကြောင့်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:SCG MuangThong Myanmar Fan Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။