ပြီးခဲ့တဲ့နှစ်က မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံရနေတဲ့ သရုပ်ဆောင်မိုးအောင်ရင် ကို မေ့နေကြပြီလားပရိသတ်ကြီးရေ။

ပရိသတ်အားပေးမှုတွေရရှိထားတဲ့ မိုးအောင်ရင်တစ်ယောက် အခုချိန်ထိ ရုံးတော်မှာ အမှုကစစ်ဆေးခံနေရတုန်းပဲလို့သိရပါတယ်။

၀ါရင့်အဆိုတော်ကြီး အောင်ရင်ကတော့ သားဖြစ်သူနဲ့ ပတ်သက်တဲ့ ခံစားချက်ကို အခုလို ပြန်လည်ပြောပြထားပါတယ်။

"တရားရုံးမှာပဲ ရှိပါသေးတယ်။ သက်သေတွေက (၁၀) ယောက်လောက်ရှိတာ (၂) ယောက်လောက်ပဲ ရုံးတင်စစ်ဆေး ရသေးတယ်။ ဘယ်သူ မှားတယ်၊ မှန်တယ် ဆိုတာကတော့ တရားဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူရမှာပေါ့။ အခု အင်းစိန် ထောင်မှာပါ။ အခြေအနေကတော့ ကျန်းမာပါတယ်။ ကျွန်တော် သားကို တစ်ပတ် (၂) ရက် သွားတွေ့ပါတယ်။ 

သူ့ရဲ့ ပရိတ်သတ်တွေကို ပြောချင်တာက စိတ်မကောင်း မဖြစ်ပါနဲ့၊ သူတကယ်လုပ်တယ် ဆိုရင် ဒါကတော့ သူခံရမှာပေါ့။ သူမလုပ်ဘူးဆိုလည်း သူလွတ်မှာပေါ့။ ကျွန်တော်တို့ကတော့ ရှေ့နေငှားပြီး ရင်ဆိုင်မယ်၊ ဒီအနေထားလောက်ပါပဲ" လို့ အဆိုတော် အောင်ရင် မှ သားဖြစ်သူ သရုပ်ဆောင် မိုးအောင်ရင် အကြောင်းကို Myanmar Celebrity သို့ ပြောပြခဲ့ပါတယ်။

ပရိသတ်တွေအနေနဲ့ သူ့အတွက် စိတ်မကောင်းဖြစ်ဖို့လည်း မိုးအောင်ရင်က မှာလိုက်ပါသေးတယ်တဲ့ ။

သူ့အတွက် အမြန်ဆုံးလွတ်မြောက်အောင် ဆုတောင်းစကားလေးပြောသွားကြပါဦး။ 

သတင်းအရင်းမြစ် Aung Yin FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။