စနေနေ့ညကယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘာစီလိုနာအသင်းနဲ့အက်သက်လက်တီကိုအသင်းတို့ပွဲစဉ်မှာတော့ဘာစီလိုနာအသင်းက(၂-ဝ)ပြတ်နဲ့အနိုင်ရခဲ့ပါတယ်။တီကိုအသင်းကတော့ဒီပွဲမှာအနိုင်ရခဲ့ရင်ချန်ပီယံမျှော်လင့်ချက်တွေပိုရှင်သန်လာမှာဖြစ်တာကြောင့်အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။နှစ်သင်းလုံးကတော့အကြိတ်အနယ်ကစားခဲ့ရင်းနဲ့ပွဲကစားချိန်အပြီးမှာဘာစီလိုနာအသင်းကအနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့အရှုံးကြောင့်အက်သက်လက်တီကိုအသင်းရဲ့ချန်ပီယံမျှော်လင့်ချက်တွေကပျက်ပြယ်သွားခဲ့ပါတယ်။တီကိုအသင်းမှာဒီပွဲစဉ်မှာတိုက်စစ်မှူးကော်စတာလည်းတိုက်ရိုက်အနီကဒ်ပြသခံခဲ့ရပါတယ်။ကော်စတာဒီအနီကဒ်ကြောင့်၃ပွဲလောက်သာပြစ်ဒဏ်ကျခံရမှာဖြစ်သော်လည်းသူ့ရဲ့ရည်ရွယ်ချက်ရှိရှိကျူးလွန်ခဲ့တာကြောင့်၄ပွဲကနေ၈ပွဲထိကျခံရဖို့ရှိနေတာဖြစ်ပါတယ်။

ကော်စတာဟာဟာဒီပြစ်ဒဏ်ကျခံရပါကရာသီပိတ်ခါနီးပွဲတွေကိုလွဲချော်တော့မှာဖြစ်ပါတယ်။ဒါကြောင့်တီကိုအသင်းကလည်းသူတို့တိုက်စစ်မှူးအတွက်စိတ်ပူနေရတာပါ။ချန်ပီယံမျှော်လင့်ချက်တွေကုန်ဆုံးသွားခဲ့ပေမယ့် တိုက်စစ်မရှိပဲဘယ်လိုကစားကွက်တွေနဲ့ကစားအနိုင်ယူမလဲဆိုတာတော့စိတ်ဝင်စားဖွယ်စောင့်ကြည့်ရအောင်နော်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။