သင်္ကြန်မှာနေပူလို ့ကျန်းမာရေးဂရုစိုက်ပြီး ရေကစားကြပါလို ့ပရိသတ်ကြီးကို ပြောတဲ့ သရုပ်ဆောင်အလှမယ် ခင်ဝင့်ဝါ

ပရိသတ်ချစ်ခင်အားပေးတဲ့ သရုပ်ဆောင်အလှမယ် ခင်ဝင့်ဝါက သင်္ကြန်အစီအစဉ်နဲ ့ပတ်သက်ပြီး အခုလိုပဲ ပြောသွားခဲ့ပါတယ် ။

“သင်္ကြန်မှာတော့ ဘာအစီအစဉ်မှ မရှိသေးပါဘူး ။

ပရိသတ်တွေ ဒီနှစ်သင်္ကြန်မှာ စိတ်သစ်လူသစ်နဲ ့ကံကောင်းခြင်းများစွာ ပိုင်ဆိုင်နို်င်ပါစေ ။

သင်္ကြန်မှာ နေပူတဲ့အတွက် ကျန်းမာရေးဂရုစိုက်ပြီး ကစားကြပါ ။

ဘေးအန္တရာယ်ကင်းရှင်းပြီး ပျော်ပျော်ရွှင်ရွှင်နဲ ့သင်္ကြန်ကို ဖြတ်သန်းနို်င်ပါစေလို ့ဆုတောင်းပေးပါတယ်” လို ့ဆိုပါတယ် ။ အနုပညာလှုပ်ရှားမှုအနေနဲ ့ဗွီဒီယို

ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေပြီး အချစ်ရေးကတော့ လက်ရှိမှာ ရင်ခုန်ရမယ့်သူ မရှိသေးဘူးလို ့ ပြောပါတယ် ။

ပရိသတ်တွေက ချစ်ခင်လို ့ပဲဖြစ်ဖြစ် မုန်းလို ့ပဲဖြစ်ဖြစ် အားပေးတဲ့အတွက် ကျေးဇူးတင်ပြီး ပရိသတ်အားပေးနေသမျှ ဆက်လက်ကြိုးစားသွားမှာပါလို ့လည်း

ခင်ဝင့်ဝါက ပြောသွားခဲ့ပါတယ် ။

Source: Akonthi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။