ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်ောတ် အနုပညာရှင်တွေကတော့ စုပေါင်းပြီး အလှူလေးတွေ မကြာခဏပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်နော်..။

အကယ်ဒမီသရုပ်ဆောင်ခန့်စည်သူ ဦးဆောင်တဲ့ မေတ္တာသင်္ဂဟအဖွဲ့ရဲ့ ချီးကျူးသာဓုခေါ်စရာ အလှူပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို တကယ်ပဲဝမ်းသာအားရလှိုက်လှိုက်လှဲလှဲ ကြည်နူးပီတိလေးတွေ ဖြစ်ပေါ်စေပါတယ်နော်..။

လှူဒါန်းကုသိုလ်ယူမှုတွေ မကြာခဏပြုလုပ်လေ့ရှိတဲ့ မေတ္တာသင်္ဂဟအဖွဲ့ကတော့ အခုတစ်ခါမှာလည်း အနုပညာရှင်အဖွဲ့သားများ စုပေါင်းပြီး ကြီးကျယ်ခမ်းနားတဲ့ သာဓုခေါ်စရာ အလှူလေးတွေကိုလည်း ထပ်မံလှူဒါန်းပြုလုပ်ခဲ့တာ တွေ့ရပါတယ်..။

မေတ္တာသင်္ဂဟအဖွဲ့(ရန်ကုန်&မန္တလေး) မှ အလှူငွေ-(၁၀၀)သိန်း လှူဒါန်းပြုပြင်ခဲ့သောအလှူငွေများကို ယနေ့ဧပြီလ(၈)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် ဗိုလ်တထောင်စေတီတော်အတွင်းရှိ မဂ္ဂင်ဓါတုစေတီနှင့်သြဝါဒပါတိမောက် ရှေးဟောင်းသိမ် ပြုပြင်မွန်းမံမှုများပြီးစီးခြင်းအတွက် ရေစက်ချလှူဒါန်း ပွဲကို ဗိုလ်တထောင်ဘုရားမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

ထပ်မံပြီး နေ့လည်(၁:၀၀)နာရီမှာတော့ ရုပ်ရှင်အစည်းအရုံးဝင် ဆင်းရဲနွမ်းပါး အလွှာအသီးသီးက အနုပညာရှင်လောကသားများအတွက် ဆန်အိတ်(၁၀၀) အတွက် အလှူငွေ-(၃၀)သိန်း လှူဒါန်းခဲ့ကြပြီး မေတ္တာသင်္ဂဟ အဖွဲ့မိသားစုဝင်များ မှ နေရာပေါင်း(၆၉)နေရာ ကို (၈)နှစ်တာကာလအတွင်း အလှူငွေ-(၂၉၃၈)သိန်းလှူဒါန်းပြီးစီးခဲ့တယ်လို့လည်း သိရပါတယ်နော်..။

ဒီကနေ့လေးမှာတော့ ချစ်ပရိသတ်တွေအတွက် မေတ္တာသင်္ဂဟအဖွဲ့ရဲ့ သာဓုခေါ်စရာ အလှူပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ သာဓုခေါ် ဆုတောင်းစကားလေးတွေလည်း ပြောသွားကြပါဦးနော်..။

Photo – Aye Zaw Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။