ရက်ပါအဆိုတော်၊သရုပ်ဆောင် ယုန်လေးကတော့ အမြဲတမ်း ပျော်ပျော်နေတတ်သလို ခံစားချက်နဲ့ပတ်သက်ပြီး ပေါက်ကွဲလွယ်တတ်သူတစ်ဦးပါ။

ဆူဇီရဲ့ ချစ်သူကောင်လေးဖြစ်တဲ့ ယုန်လေးတစ်ယောက် အွန်လိုင်းစတား တစ်ဦးရဲ့ ချေတာခံလိုက်ရတဲ့အကြောင်း သူကိုယ်တိုင် သူ့ရဲ့ ဖေ့ဘုတ်စ်မှာ အပျော်သဘောနဲ့ တင်ထားခဲ့ပါတယ်။

“အပျော်ပါ ထန်ပါးကတော့ တကယ်ရိုုးတာပါ

အချေခံလိုက်ရတယ်ကွာ

Haa haa haa

ကျွန်တော့်လည်း သူသိပုံမရပါဘူး”

လူမှုကွန်ရက်မှာ စတိုင်ရှိမှ စတားဖြစ်မည် သီချင်းကို မပီတပီ အသံနဲ့ ဆိုခဲ့ရင်း ပေါ်ပြူလာဖြစ်သွားတဲ့ တေးသံရှင် ထျန်ပါး က သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ “အားပေးသေးရင် Hi ပေးပါအုန်းနော် အားပေးတဲ့သူဘယ်နှစ်ယောက်ရှိမလည်း သိချင်လို့ဗျာ” ဆိုပြီး ရေးသားထားတာပါ။

အဲ့ဒီပို့စ်အောက်မှာ ယုန်လေးက အခုလို ကွန့်မန့်ဝင်ပေးခဲ့တာပါ။

“ရှေ့ဆုံးကနေ Hi ပါတယ်ခင်ဗျ

ကိုထန်ပါး အစ်ကိုနဲ့လည်း ရုပ်ရှင်တစ်ကားလောက်ရိုက်ချင်ပါတယ်ဗျ” လို့ ဝင်ရေးခဲ့ပြီး ထျန်ပါးကလည်း " ok thankyou ပါညီ ရိုက်မယ်နော်" ဆိုပြီး စာပြန်လုလိက်ပါတယ်။

ယုန်လေးပြောပုံအရ ဖြစ်ပုံကတော့ အဲ့လိုပါပဲတဲ့ ပရိသတ်ကြီးရေ။

မကြာသေးမီရက်ပိုင်းကလည်း အဆိုတော်နီနီခင်ဇော် ရဲ့ အချေခံလိုက်ပါရသေးတယ်။ 

ထျန်ပါး ရဲ့ စတိုင်ရှိမှ စတားဖြစ်မယ် သီချင်းကတော့ လူကြီး လူငယ်မရွေး အွန်လိုင်းမှာ နားထောင်ဖူးကြည့်ဖူးကြမယ်လို့ ထင်ပါတယ်နော်။

ကြည့်ဖူးသူတိုင်းလည်း ပါးစပ်မစေ့အောင် ရယ်ခဲ့ရတယ်လို့ ပြောပါတယ်။  

သတင်းအရင်းမြစ် Yone Lay fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။