တလောကမှ အကြော်သည်ရယ် လို့ Ivan Oo ရဲ့ နှိမ်ချပြောဆိုခြင်းကိုခံခဲ့ရတဲ့ သားငယ်က

သူ့အလုပ်အတွက် မသိမ်ငယ်ကြောင်းကိုအောက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။

‘‘ကျွန်တော့်ကို ကျွေးခဲ့တဲ့လုပ်ငန်းကို ဘယ်တော့မှ မမေ့ပါဘူး။

သီချင်းလည်းဆိုရင်း အဲဒီ(ပဲကြော်လုပ်ငန်း)ဘက်လည်း တွဲပြီးလုပ်ကိုင်ဖြစ်မှာပါ’’ တဲ့ ။

Myanmar Idol Winner အဖြစ်ဆုငွေတွေလဲ အများကြီးရသလို ပွဲတွေလဲ ငှားရမ်းခံနေရပြီဖြစ်တဲ့

သားငယ်ဟာ အမှန်တကယ်ဆို အကြော်မရောင်းတော့ဘဲနဲ့တောင် အသက်မွေးဝမ်းကျောင်းအတွက်

ပြည့်စုံလုံလောက်တဲ့ အခြေအနေရှိနေပါပြီ သို့သော်လည်း အဲဒီလုပ်ငန်းကို ဆက်လုပ်မှာပါဆိုတဲ့ သားငယ်က

ထမင်းကျွေးခဲ့တဲ့ လုပ်ငန်းကိုတန်ဖိုးထားတယ်ဆိုတာ ပေါ်လွင်နေပါတာမို့ ချီးကျူးစရာကောင်းတဲ့ စိတ်ဓါတ်ပိုင်ရှင်ပါပဲ ။

7day media ကသားငယ်ရဲ့ အင်တာဗျူးလေးကိုပါ သားငယ်ရဲ့ ပရိတ်သတ်တွေအတွက်

မျှဝေပေးလိုက်ပါတယ် ။

ဖိုင်နယ်နေ့မှာ သီဆိုတဲ့သီချင်းတွေ မှာ အရင်အပတ်တွေကလောက် ပရိသတ်တွေ စိတ်တိုင်းကျအောင် မဆိုနိုင်ခဲ့ဘူးလို့ သုံးသပ်မှုတွေ အပေါ်မှာ ဘာများပြောလိုပါ သလဲ။

ကျွန်တော့်အကြောင်းတော့ မပြောပြတတ်ပါဘူး။ နည်းနည်း စိတ်လှုပ်ရှားတာလည်းပါမှာပေါ့ ဗျာ။ အဲဒီလိုကြောင့်ပဲထင်ပါ တယ်။ နောက်ပြီး ပါဖော့မန့်လည်း လုပ်တယ်ဆိုတော့။ ဘားကျော် သွားတာကလည်း ဖြစ်တတ်ပါ တယ်။

ပွဲမတိုင်ခင် အိမ်ထောင်သည်ဆို ရင် အိုင်ဒေါမပေးဘူးဆိုပြီး ထွက် ပေါ်ခဲ့တဲ့ ကောလာဟလအပေါ်မှာ ကော စိတ်ပူခဲ့တာမျိုးရှိလား။

ကောလာဟလတွေအပေါ် မှာတော့ စိတ်ပူခြင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ထောင် သည်တွေကို မပေးဘူးဆိုရင် ဟိုး အစကတည်းက အိမ်ထောင်သည် တွေကိုခေါ်မှာ မဟုတ်ဘူးလေ။ ကောလာဟလတွေကို စိတ်ပူလေ့ မရှိပါဘူး။

ပြိုင်ပွဲတစ်လျှောက် Bottom လည်း လုံးဝမထိုင်ခဲ့ရအောင် ပရိ သတ်အားပေးမှုရခဲ့တာက ဘာ ကြောင့်လို့ထင်ပါသလဲ။

ပရိသတ်တွေ SMS ကရော၊ Facebook ကရော၊ Voting ပေး လို့ ကျွန်တော် မထိုင်ရတာဆိုတာ လုံးဝ မမှားပါဘူး။ ဒါပေမဲ့ Bottom မထိုင်ရလောက်အောင် အရည်အချင်းရှိတယ်လို့ ကိုယ့် ကိုယ်ကိုယ် မမြင်ပါဘူး။ ကျွန် တော့်ကို မထိုင်ရလောက်အောင် ပရိသတ်က Vote ပေးကြတော့ အများကြီး ကျေးဇူးတင်ပါတယ်လို့။

ပြိုင်ပွဲတော်တော်များများမှာ ရုပ် ရည်ကိုကြည့်ပြီး အားပေးကြတာ တွေရှိတော့ ကိုယ့်ရဲ့ခန္ဓာကိုယ် အနေအထားအတွက် ပြိုင်ပွဲမဝင် ခင်က အားငယ်တာမျိုးရှိခဲ့လား။

အဲဒီလိုမျိုးတော့ သိပ်မတွက် ဘူး။ ကိုယ့်ဟာကိုယ်တော့ အကောင်းဆုံးဖြစ်အောင် ကြိုးစား တယ်။ ဝပေမယ့်လည်း ပရိသတ် တွေကြည့်ရတာ အဆင်ပြေ အောင်၊ နားထောင်ရတာအဆင် ပြေအောင် အမြဲတမ်း စေတနာမှန် မှန်နဲ့ ကြိုးစားအားထုတ်တယ်။ ကြိုးစားအားထုတ်သလောက် လည်း ပြန်ခံစားရတယ်လို့ မြင်ပါ တယ်။ ကျန်တာကတော့ စိတ်ထဲ မရှိပါဘူး။

မေဘရဏီ(မမမိုး)သီချင်းမှာ ပခုံး လေးလှုပ်ကတာကို ပရိသတ်တွေ က အရမ်းကြိုက်ကြတယ်။ အဲဒီလို ကဖြစ်ခဲ့တာက သားငယ်ရဲ့စိတ် ကူူးပဲလား။

အဲဒါက သီချင်းရီဟာဇယ် တိုက်တော့ ပါဖောမန့်ဘယ်လို လုပ်မယ်ဆိုတာ သင်တယ်။ အဲဒီ တော့ ဒီလိုလေးလှုပ်တာလှတယ်။ အဆင်ပြေတယ်။

အစကတော့ လုပ်ဖို့အစီအစဉ် မရှိပါဘူး။ ဒါပေမဲ့ ဦးဝင်းဦးသီချင်း ဆိုတော့ ကိုယ့်ဟာကိုယ်လုပ် ကြည့်တယ်။ မြန်မာအိုင်ဒေါက လူကြီးတွေကရော Life&Dance က ကိုမင်းမင်းထွန်းက ဒီလိုလေး မင်းလုပ်တာချစ်ဖို့

ကောင်းတယ်။ လုပ်ပါလားပေါ့။ရီဟာဇယ်အထိ ကို လုပ်တော့လုပ်တယ်။ သိပ် သေသေချာချာ မဟုတ်သေးဘူး ပေါ့။ တကယ်ဆိုတဲ့နေ့ကျတော့ အောက်က ပရိသတ် လက်ခုပ်သံ လည်းကြားရော သီချင်းအပေါ်မှာ သက်ဝင်ခံစားပြီး ဖြစ်သွားတာ။

အကဲဖြတ်ဒိုင်တွေက ကြယ်ငါးပွင့် သင်္ဘောကြီးတို့၊ အချစ်တုံးကြီးတို့ လိုမျိုး ကိုယ့်ကိုချီးကျူးတဲ့စကား တွေ ကြားတဲ့အချိန် ဘယ်လိုခံစား ရပါသလဲ။

ပျော်တာပေါ့ဗျာ။ ကိုယ့် ကို ချစ်တယ်ဆိုတဲ့အသံ၊ ဘယ်သူပဲ ချစ်ချစ် ပရိသတ်ချစ်ရင်လည်း ပျော်ရတယ်။ ဒိုင်တွေက ချစ်တော့ ပိုပျော်ရတာပေါ့။ အရမ်းကို ကျေ နပ်မိပါတယ်ဗျ။

ဆုရတဲ့ငွေတွေကိုရော ဘယ်လို နေရာတွေမှာသုံးဖို့ စဉ်းစားထား လဲ။ အိမ်ရောဝယ်ဖြစ်ပြီလား။ သားငယ်ရဲ့ အချစ်ဆုံးဇနီးအတွက် ဘာတွေလုပ်ပေးဖြစ်သလဲ။

ထူးထူးခြားခြား သုံးဖြစ်တာ ဆိုလို့ အခု ကျွန်တော် ရခိုင်ပြန် တယ်။ ကျွန်တော့်မွေးရပ်မြေမှာ မိဘနှစ်ပါးအတွက် အလှူဒါနလုပ် တယ်။ ကျွန်တော်ရယ်၊ ချစ်တဲ့ပရိ သတ်တွေနဲ့ အတူတူမျှဝေလို့ရ အောင် ကျွန်တော့်မိဘနှစ်ပါး အတွက် ရည်စူးပြီး လိုအပ်တဲ့ နေရာတွေ၊ ဆေးရုံတို့၊ စာသင် ကျောင်းတို့မှာ အလှူတွေ တတ် နိုင်သလောက် လုပ်ခဲ့ပြီးပါပြီ။ ကျန်တာကတော့ မလုပ်ဖြစ်သေး ပါဘူး။ အိမ်ဝယ်မယ်ဆိုတာလည်း ဝယ်တော့ဝယ်မယ်။ လောလော ဆယ်က မလုပ်ဖြစ်သေးဘူး။ သူ (ဇနီး)ကတော့ တောင်းဆိုတာ ဘာတစ်ခုမှမရှိပါဘူး။ အရမ်းချစ် နေရရင်ပဲပြီးပါပြီ။ ကျွန်တော့် အတွက် လုံလောက်တယ်။ သူက လည်း အဲဒီလိုပဲ လုံလောက်တင်း တိမ်နေပါပြီ။ နေမယ့်အိမ်ကလေး တစ်လုံးတော့ လိုတာပေါ့လေ။

သားငယ်နဲ့တွဲပြီး ပရိသတ်တွေက သိခဲ့တဲ့ ပြင်ဦးလွင်က ပဲကြော်လုပ် ငန်းကို ဆက်လုပ်ဖို့အစီအစဉ်ရှိ သေးလား။

လုပ်မှာပါ။ ကျွန်တော့်ကို ကျွေးခဲ့တဲ့လုပ်ငန်းကို ဘယ်တော့ မှ မမေ့ပါဘူး။ အဲဒီတော့ လုပ် မယ်။ သီချင်းလည်းဆိုရင်း အဲဒီ (ပဲကြော်လုပ်ငန်း)ဘက်လည်းတွဲ ပြီး လုပ်ကိုင်ဖြစ်မှာပါ။

တစ်ကိုယ်တော်ခွေလည်း ထုတ် ခွင့်ရမှာဆိုတော့ ကိုယ့်ရဲ့ရှေ့ ဆက်မယ့် အနုပညာလမ်းကြောင်း အတွက် ဘယ်လိုအစီအစဉ်တွေ ဆွဲထားပြီးပြီလဲ။

အခွေကထုတ်ရမှာပါ။ အဓိ ကက ပရိသတ်ကြိုက်အောင်၊ ချစ် အောင် အလေးထားပြီး လုပ်ရမှာ ပေါ့။ သူတို့ကြိုက်မယ့်ပုံစံလေး တွေ၊ ကျွန်တော်ကြိုက်တဲ့ပုံစံလေး တွေနဲ့ ကျွန်တော့်ရင်ဘတ်နဲ့ သူတို့ ရင်ဘတ်နီးဖို့အတွက် အဓိက ကြိုးစားရမှာပေါ့။ သူတို့စိတ်ကွက်မှု မရှိအောင် အဓိက ကြိုးစားရမယ့် အချက်ပါ။ အဓိကကတော့ ကျွန် တော့်ရဲ့ ပရိသတ်ကို ကျွန်တော် အလေးထားပါတယ်။ ကျွန်တော့် ကိုချစ်ကြတဲ့သူတွေအတွက် သူတို့ စိတ်အနှောင့်အယှက်

မဖြစ် အောင် သူတို့ကြိုက်အောင် အမြဲ ပဲ ကြိုးစားနေမှာပါ။

ဂီတနဲ့ပတ်သက်ပြီး သားငယ်ရဲ့ အဓိကရည်မှန်းချက်က ဘာဖြစ်မလဲ။

ကျွန်တော်ကတော့ တစ် သက်လုံး သီချင်းတွေဆိုနေချင် တယ်။ ဂီတက လူတွေကိုပြောင်း လဲပေးစေနိုင်တယ်။ ဒါက ကျွန် တော့လက်တွေ့ပါ။ အဲဒီတော့ နူးညံ့တဲ့အရာတစ်ခုကို ကျွန်တော့် ကိုချစ်တဲ့သူတွေနဲ့ တစ်သက်လုံး လုပ်သွားချင်တယ်။ အဲဒါကတော့ ကျွန်တော့်အမြင် ကျွန်တော့်ခံယူ ချက်ပါ။

မြန်မာအိုင်ဒေါ ပြိုင်ပွဲတစ် လျှောက် အားပေးခဲ့တဲ့ သူတွေကို ရော 7Day ဂျာနယ်ကတစ်ဆင့် ဘာတွေထပ်ပြီး ပြောချင်ပါလဲ။

အရင်ဦးဆုံး ဒိုင်တွေက ကျွန် တော့်ကို ဒီ Top 10 ဆယ်ယောက် ထဲကို ခေါ်ပေးတယ်။ နောက်ပိုင်း မှာ သူတို့ရဲ့အဖြေကသာ လုံးဝ အပြည့်အဝ ကျွန်တော့်တို့ဘဝကို ပြောင်းလဲစေတာဆိုတော့ ကျွန် တော်တို့အတွက် တကယ်ကျေးဇူး ရှင်တွေပါပဲ။ SMSကရော၊ Face book ကရော Vote ပေးခဲ့ကြတဲ့ အတွက် တစ်ယောက်ချင်းစီတိုင်း ကို ကျေးဇူးတင်ပါတယ်။

Source : 7day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။