Cristiano Ronaldo ကတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ ကမ္ဘာ့အတော်ဆုံး ဘောလုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်သလို လက်ရှိမှာတော့ အသက်(၃၃) နှစ် ရှိပြီ ဖြစ်ပြီး ချစ်စရာကလေးလေး(၃)ယောက်ကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ ဝင်ငွေကောင်းပြီး ရုပ်ဖြောင့်တဲ့ ဘောလုံးကစားသမား တွေထဲက တစ်ဦးဖြစ်ပါတယ်။  

အရင်တစ်ချိန်ကတော့ Instagram မှာ Followers အများဆုံး ကတော့ အဆိုတော် Selena Gomez ဖြစ်ပြီး ယခုမှာတော့ မှာ Ronaldo ဟာ Instagram မှာ Followers အများဆုံး နံပါတ်(၁) နေရာကို ရောက်ရှိလာခဲ့ပါတယ်။ရော်နယ်လ်ဒိုရဲ့ Instagramဟာ တစ်နှစ်အတွင်း Follower အရေအတွက် ၃၄ သန်း အထိတိုးမြင့်လာပြီး ကမ္ဘာတစ်ဝန်း ရှိ လူပုဂ္ဂိုလ်များအနက် Follower အများဆုံးဖြစ်လာခဲ့ပါတယ်။  

ဘောလုံးသမားများအနက် PSG အသင်းတိုက်စစ်မှူး နေမာနှင့် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက ၁၁၃ သန်းစီဖြင့် အဆင့် (၁၀) နှင့် (၁၁) နေရာတွင် ရပ်တည်နေပြီး အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်က ၅၅.၁ သန်း ဖြင့် အဆင့် (၃၀)မှာ ရပ်တည်နောတပဲဖြစ်ပါတယ်။

SOURCE: THE SUN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။