သူမပြောတဲ့ ဆုအကြီးကြီးကဘာများဖြစ်မလဲ ...
ဆရာမလေး ဘီလီလမင်းအေးဟာ Myanmar Idol မှာသားငယ်ကိုရှုံးနိမ့်ခဲ့ရပေမယ့်
သူမရဲ့ အနုပညာအရည်အသွေးကို တစ်တိုင်းပြည်လုံးမြင်အောင် ပြသနိုင်ခဲ့တာမို့
သူမကိုအားပေးတဲ့ ပရိတ်သတ်တွေလဲ အများကြီးရှိလာခဲ့ပါတယ် ။
ပြိုင်ပွဲမှာ Winner ဆုနဲ့လွဲချော်ခဲ့ရပေမယ့် တကယ်တမ်းမှာတော့ ဆုအကြီးကြီးရလိုက်လို့
ပျော်ရွှင်ရပါတယ်ဆိုတဲ့ ဘီလီက သူမရဲ့ ဆုအကြီးကြီးကတော့ သူမကိုချစ်တဲ့ ပရိတ်သတ်ကြီးပါပဲတဲ့
ကျေနပ်မိပါတယ် ဆိုတဲ့
7day news က ဘီလီလမင်းအေးရဲ့ အင်တာဗျူးလေးကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ် ။
ဖိုင်နယ်နေ့မှာ သီချင်းသုံးပုဒ်စလုံး ကို အကောင်းဆုံးသီဆိုနိုင်အောင် ဘယ်လိုပြင်ဆင်ခဲ့လဲ။ ဆုမရခဲ့ပေမယ့် ပရိသတ်အားပေးမှုရခဲ့တဲ့အချိန်မှာ ဘယ်လိုခံစားရသလဲ။
ဒီသီချင်းသုံးပုဒ်က ဖူးအ တွက် ဖိုင်နယ်ပွဲမှာ နောက်ဆုံးသီ ဆိုရမယ့် သီချင်းသုံးပုဒ်ဖြစ်တဲ့အ တွက် စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ၊ ကြောက်ရွံ့မှုတွေ ရောပြီးတော့ စိန်ခေါ်မှုတွေ၊ တန်ဖိုးထားတတ်မှု တွေ၊ အဲဒီအရာတွေအားလုံးနဲ့
ဖြစ်တည်နေတဲ့အတွက်ကြောင့် ရေကုန်ရေခန်း ဖူးအသံအားရော၊ လူအားရော ဝီရိယအားတွေနဲ့အ တူ အပင်ပန်းခံပြီး ကြိုးစားခဲ့တာ ပါ။ ဒါပေမဲ့လည်း Winner တော့ ဖြစ်ခွင့်မရခဲ့ဘူး။ ဒါပေမဲ့ အခုရရှိ ခဲ့တဲ့ ပရိသတ်
အင်အားက ဖူးအတွက် အတိုင်းမသိ အင်အားတွေ ဖြစ်စေခဲ့ပါတယ်ရှင့်။
ပြိုင်ပွဲတစ်လျှောက် ဘီလီလမင်း အေးအတွက် အခက်ခဲဆုံးအချိန် တွေက ဘယ်အချိန်ဖြစ်ပါမလဲ။
အဆင့်တိုင်းကတော့ ခက်ခဲ ပါတယ်။ Challenge တွေပါပဲ။
ညီမလေးကို ဆေးကျောင်းထားနိုင် ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာပြိုင်ခဲ့တာဆိုတော့ အခုလက်ရှိ ရလဒ် အပေါ်မှာကော ဘယ်လိုခံစားရ ပါသလဲ။
အခုရရှိခဲ့တဲ့ ဆုကြေးငွေတွေ က ညီမလေးကို ဆေးကျောင်း ထားနိုင်ဖို့ တစ်စိတ်တစ်ပိုင်းတော့ အထောက်အကူဖြစ်စေခဲ့ပါတယ်။ ညီမလေးကို ဖူးထားချငတဲ့ အနေအထားရောက်တဲ့အထိ ဖူးထပ်ပြီး ကြိုးစားဦးမှာပါရှင့်။
သာမန်အရပ်သူ ကျောင်းဆရာမ ဘဝကနေ နေ့ချင်းညချင်း ထင် ပေါ်ကျော်ကြားသူဖြစ်လာတဲ့အခါ မှာ ကိုယ့်ရဲ့မတူညီတဲ့ ဘဝနှစ်ခု ကြားက ဖိအားတွေကိုကော ဘယ်လိုရင်ဆိုင်ဖြတ်သန်းသွားဖို့ ပြင် ဆင်ထားပါသလဲ။
အရမ်းခက်ခဲခဲ့ပါတယ်။ ရုတ်တရက်ပြောင်းလဲသွားတဲ့ အခြေအနေက အရမ်းကို မြန်ဆန်ပြင်းထန်လွန်းပါတယ်။ ဘယ်သူမှမသိတဲ့ ဆရာမတစ်ယောက်ဘဝကနေ တစ်ကမ္ဘာလုံးက မြန်မာတွေသိတဲ့ ဘီလီလမင်းအေးဆိုတာ
ဖြစ်စေခဲ့ ပါတယ်။ အဲဒီအောင်မြင်မှုဒဏ် တွေ ခံနိုင်ရည်ရှိအောင်၊ လမ်းမှား မရောက်သွားအောင် ကိုယ့်ကိုယ် ကိုယ် ထိန်းသိမ်းဆုံးမဆင်ခြင်ပြီး ပြင်ဆင်ထားပါတယ်ရှင့်။
ပြိုင်ပွဲမှာ ဆုမရပေမယ့် ဘီလီက အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်နိုင်မယ့်သူလို့ ဟောကိန်း ထုတ်တဲ့ ပရိသတ်တွေလည်းရှိ တော့ အဲဒီအပေါ်မှာ ဘယ်လိုခံစားရပါသလဲ။
ပြိုင်ပွဲမှာ ဖူးကို ပရိသတ်တွေက ဆုမရခဲ့ဘူးလို့ ထင်နေတာပါ။ အမှန်တော့ ဖူးက ဆုအကြီးကြီးကို ရလိုက်ပါတယ်။ အဲဒီဆုကတော့ ဖူးကို အားပေးနေတဲ့၊ ဟောကိန်းထုတ်နေတဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေပါ။ ဖူးအရမ်း
ကျေနပ်ပါတယ်။
ပြိုင်ပွဲတစ်လျှောက် ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေက ကိုယ့်အတွက် ဘယ်လောက်အားဖြစ်စေခဲ့ပါသလဲ။
အတိုင်းမသိ ဝမ်းသာပီတိ အားဖြစ်ရပါတယ်ရှင့်။ သူတို့သာ မရှိခဲ့ရင် ဘီလီဆိုတာ ရှိလာခဲ့မှာ မဟုတ်ပါဘူး။ ကျေးဇူးအကြီးကြီး တင်တယ်ဆိုတဲ့စကားထက် ပိုတဲ့ စကားရှိရင် ဖူးရဲ့ပရိသတ်တွေကို ပြောချင်ပါတယ်။
ဂီတနဲ့ပတ်သက်ပြီး အဓိကရည်မှန်းချက်က ဘာဖြစ်မလဲ။
ပရိသတ်တွေ အများကြီးရဲ့ ရှေ့မှာ အကောင်းဆုံးသီချင်းတွေ ကို ဆိုပြနိုင်တဲ့ အဆိုတော်ကောင်းတစ်ယောက်၊ နိုင်ငံနဲ့ လူမျိုးအကျိုး ပြု သီချင်းတွေသီဆိုနိုင်မယ့် အဆို တော်တစ်ယောက်၊ ပြီးတော့ Gospel Song တွေ သီဆိုနိုင်တဲ့ အဆိုတော်ကောင်းတစ်ယောက် အဖြစ် ရပ်တည်နိုင်ဖို့ ရည်ရွယ် မျှော်လင့်ထားပါတယ်ရှင့်။
အိုင်ဒေါရဲ့ အတွေ့အကြုံတွေက ရှေ့ဆက်ရမယ့် ကိုယ့်ဘဝမှာ ဘယ်လိုအထောက်အကူဖြစ်စေမလဲ။
Idol နဲ့ပတ်သက်လို့ အတွေ့ အကြုံတွေကတော့ အများကြီးပါ ပဲ။ အဲဒီအတွေ့အကြုံတွေကို အခြေခံပြီး အဲဒီထက် အောင်မြင် တိုးတက်အောင်လည်း ဖူးကြိုးစား သွားမှာပါ။
ကျေးဇူးတင်ပါတယ်။
Source : 7day
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။