မြန်မာ့အနုပညာလောကရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ ခင်ဇာခြည်ကျော်ဟာ ၂၀၁၇ အတွင်း မင်္ဂလာကျင်းပဖြစ်မယ်လို့ ဆိုပါတယ်။

သူမရဲ့ ချစ်သူဟာ ပြည်ပမှာနေထိုင်တာဖြစ်ပြီး ဟိုမှာနေတာ နှစ် ၂၀ နီးပါးရှိပြီမို့ မင်္ဂလာပွဲကိုတော့ ဘယ်မှာ လုပ်ဖြစ်မလည်းဆိုတာ အတိအကျပြောလို့ မရသေးဘူးလို့ ဆိုပါတယ်။ ခင်ဇာခြည်ကျော်ဟာ သားသမီးရှိတဲ့ မိခင်ဖြစ်တာမို့ ယခုလို အိမ်ထောင်ပြုတော့မယ် ဆိုတော့ သားသမီးတွေနဲ့ ဘယ်လိုညှိုနှိုင်းရတာမျိုးတွေ ရှိသလည်း ဆိုတာနဲ့ပတ်သတ်ပြီး သူမက ယခုလိုပဲ ပြောလာပါတယ်။

"အမက ဟိုးအရင်ကတည်းက သားသမီးတွေကို အချိန်ပေးခဲ့တယ်။ ငယ်ငယ်လေးတည်းက အဖေဆိုလည်း ဟုတ်တယ်။ အမေဆိုလည်း ဟုတ်တယ်။ အမြဲတမ်း ကလေးတွေရင်ထဲ စိတ်မထိခိုက်အောင် သူတို့လိုအပ်တာမှန်သမျှ အကုန်ဖြည့်ဆည်းပေးခဲ့တယ်။ အစ်မသူတို့ငယ်ငယ်တုန်းကဆိုရင် လုံးဝဇာတ်ကားမရိုက်ဘူး။ ဇာတ်ကားရိုက်ကူးတာလည်း နားထားတယ်။ အခုကျတော့ သူတို့လည်း လူပျိုပေါက် အပျိုပေါက်ဖြစ်လာပြီဆိုတော့ အမေ့ကိုနားလည်တယ်။ နောက်ပြီး အမကလည်း သူတို့လိုချင်တဲ့ အမေပုံစံမျိုးဆိုတော့ အမအနေနဲ့ သားသမီးနဲ့ အမကြားမှာ ဘာမှညှိနှိုင်းစရာမရှိပါဘူး" လို့ သူမကဆိုပါတယ်။

လက်တလောမှာတော့ သူမအနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေပြီး "ငါ၏အမိန့်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရိုက်ကူးလျက်ရှိနေတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။