ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားချောဒေါင်းကတော့ အနုပညာလောကမှာ သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ဆွဲဆောင်မှုရှိပြီး ယောင်္ကျားပီသတဲ့ ဥပဓိရုပ်ရည်တို့ကြောင့်လည်း ပရိသတ်တွေအကြား အမြဲရေပန်းစားသူပဲ ဖြစ်ပါတယ်..။

မိန်းကလေးပရိသတ်တွေ အများဆုံးရရှိထားတဲ့ ဒေါင်းကတော့ အောင်မြင်တဲ့ အနုပညာရှင်အဖြစ် ရုပ်သံဇာတ်ကားတော်တော်များများအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း သရုပ်ဆောင် ရိုက်ကူးနေသူပဲ ဖြစ်ပါတယ်..။

မင်းသားချောဒေါင်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ Star Awards ဆုပေးပွဲမှာလည်း "ပုဂံမြို့သူ" ဇာတ်ကားနဲ့ ဆုရရှိခဲ့တာလည်း တွေ့ရပါတယ်နော်..။

ပရိသတ်တွေရဲ့ အချစ်တော်ဒေါင်းဟာ သူရရှိခဲ့တဲ့ Star Awards ဆုနဲ့အတူ ဆရာဖြစ်တဲ့ သရုပ်ဆောင်ဒါရိုက်တာ ဦးကျော်သူနဲ့ ရန်အောင်နို့ကို သွားရောက်ဂါဝရပြု ကန်တော့ခဲ့ပါသေးတယ်..။

ဦးကျော်သူနဲ့ ရန်အောင်ကို သွားရောက်ဂါဝရပြုကန်တော့ရင်း ဓာတ်ဖမ်းထားတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ဦးကျော်သူက ပရိသတ်တွေကို ပြန်လည်မျှဝေထားတာလည်း တွေ့ရပါတယ်..။

ဒီကနေ့လေးမှာတော့ ကြည်နူးစရာ အမှတ်တရပုံရိပ်လေးတွေကြောင့်လည်း ချစ်ပရိသတ်တွေကလည်း အချစ်ပိုစေနေကြတာ တွေ့ရပါတယ်နော်..။

Photo - ဦးကျော်သူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။