မြန်မာ့လက်ဝှေ့လောကရဲ့ ထိပ်တန်းနေရာတစ်ခုကို အရယူနိုင်ထားတဲ့ လက်ဝှေ့ကျော်ဖျံသွေးကို လက်ဝှေ့ချစ်ပရိသတ်တွေ အားလုံးသိမယ်ထင်ပါတယ်။ နိုင်ငံတကာမှာ လက်ဝှေ့အကျော်အမော်များစွာနဲ့ ယှဉ်ပြိုင်ထိုးသတ်ဖူးသူတစ်ယောက်ဖြစ်တဲ့အပြင် နိုင်ငံဂုဏ်ဆောင် လက်ဝှေ့အားကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ထိုးသတ်ပွဲတိုင်းကို အားသွင်ခွန်စိုက်ယှဉ်ပြိုင်တက်ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ ဖိုက်တာတစ်ဦးလည်းဖြစ်ပါတယ်။  

ဖျံသွေးကတော့ ကိုယ်ပိုင်လက်ဝှေ့သင်တန်းကျောင်းဖွင့်လှစ်ထားပြီး လက်ရှိသာယာပျော်ရွှင်စရာမိသားစုဘဝလေးတစ်ခုကို တည်ဆောက်ထားကြောင်း သိရပါတယ်။ လက်ဝှေ့ကြိုးဝိုင်းမှာ အချိန်မအတော်ကြာအနားယူနေတဲ့ ဖျံသွေးရဲ့လက်တလော လှုပ်ရှားမှုတွေကိုတော့ ပရိသတ်လည်း မသိရှိကြတာတွေ့ရပါတယ်။ မိသားစုဘဝတစ်ခုကို တည်ဆောက်နေတဲ့ ဖျံ့သွေးကတော့ မိသားစုဘဝလေးနဲ့အတူ ပျော်ရွှင်နေတဲ့ ပုံရိပ်တွေကို ပြသထားတာတွေ့ရပါတယ်။  

နိုင်ငံကျော်မြန်မာ့လက်ဝှေ့ဖိုက်တာကြီးတွေနဲ့ ခင်မင်ရင်းနှီးသူတစ်ယောက်ဖြစ်သလို မိသားစုနဲ့ နိုင်ငံတော်အတွက်လည်း တာဝန်ကျေပွန်သူတစ်ယောက်ဖြစ်တဲ့ ဖျံ့သွေးရဲ့ ပုံရိပ်တွေကတော့ ပရိသတ်တွေကို ကျေနပ်စေမှာပဲဖြစ်ပါတယ်။ လက်ဝှေ့လောကမှ အနားယူသွားပြီဖြစ်တဲ့ ဖျံ့သွေးရဲ့ လက်ရှိပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - thet lwin aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။