မြန်မာလူမျိုးတို့ရဲ့ သဘာဝအရ နှစ်ကူးသင်္ကြန်နားနီးရင်ဖြင့် သင်္ကြန်တေးသံလေးတွေကြား သင်္ကြန်အငွေ့အသက်လေးတွေကိုခံစားရင်း

လာမယ့်သင်္ကြန်ကိုကြိုတင်ရင်ခုန်ကြစမြဲပါ ... အနုပညာရှင်တွေလဲ ထိုနည်းတူစွာပါပဲ ။ ခုချိန်ထဲကစပြီးသင်္ကြန်အတွက်ပြင်ဆင်နေကြပါပြီ ။

ဒီနှစ်သင်္ကြန်မှာ ကိုယ်ချစ်တဲ့ အနုပညာရှင်တွေ ဘာတွေလုပ်ကြမလဲ ဘယ်မဏ္ဍပ်တွေမှာဖျော်ဖြေကြမလဲ သိချင်နေကြပြီလား ...

အောက်မှာသာကြည့်လိုက်ကြတော့နော် ... 

ဇော်ဝင်းထွဋ် (အင်ပါယာ)

မန္တလေးမှာရှိမှာပါ။ မြို့ထဲ မှာတော့ မဟုတ်ဘူး။ မြို့ပြင်မှာ ပါ။ ပြင်ဦးလွင်တက်ခါနီး ခြောက် မိုင်အပန်းဖြေစခန်း၊ တောင်တွေ ကြားထဲမှာ၊ ဧက ၂၀ လောက်ရှိတဲ့ ခြံကြီးထဲမှာ မဏ္ဍပ်တွေထိုးပြီး ဆို ကြတီးကြ လုပ်ဖြစ်မှာပါ။ ဒုဋ္ဌဝတီ မြစ်ဘေးမှာပါပဲ။ မနှစ်ကတည်းက စီစဉ်ထားတာ။ 

အိုင်းရင်းခရော့စ်

အိုင်းရင်းခရော့စ်အဖွဲ့သည် ကိုယ်ပိုင်မဏ္ဍပ်ဖြင့် ဧပြီ ၁၄ ရက် မှ ၁၆ ရက်အထိ မန္တလေးမဟာ သင်္ကြန်တွင် ဖျော်ဖြေမည်ဖြစ် သည်။ မန္တလေးမြို့ကျုံးမြောက် ဘက် တိရစ္ဆာန်ဥယျာဉ်ရှေ့မဏ္ဍပ်တွင် ဖျော်ဖြေမည် ဖြစ်ပြီး

အိုင်းရင်းခရော့စ်၏ ပင်တိုင်တေးသံရှင် များဖြစ်သည့် လေးဖြူ၊ အငဲ၊ မျိုး ကြီး၊ ဝိုင်ဝိုင်းတို့နှင့်အတူ အခြား တေးသံရှင်များလည်း ပါဝင်သီဆို မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဝေလ

ဒီသင်္ကြန်လေးရက်စလုံး မန္တလေးမှာရှိမှာပါ။ မနော်ရမ္မံကွင်း မှာ ရှိမှာပါ။ ကိုဂျီလတ်၊ မထွန်း အိန္ဒြာဗိုလ်၊ မဆုန်သင်းပါရ်တို့နဲ့ အတူ အဆိုတော် ခြောက်ယောက် လောက်ပါပါတယ်။ 

ပိုပို

အခုနှစ် သင်္ကြန်က ရန်ကုန်နဲ့ နေပြည်တော် ဘယ်မှာရှိမယ်ဆို တာ မသေချာသေးဘူး။ ပထမ တော့ ကိုရီးယားသွားဖို့။ သွားမယ့် ရက် နောက်ဆုတ်လိုက်တော့ ကိုရီးယားမှာ သင်္ကြန်မကျဖြစ် တော့ဘူး။

မနော

ဒီနှစ်သီချင်းမဆိုဖြစ်ဘူး။ မိသားစုကိုပဲ အချိန်ပေးဖြစ်တယ်။ အလှူအတန်းတွေလုပ်ဖြစ်မယ်။ မိသားစုကို အချိန်မပေးဖြစ်တာ လည်း ကြာပြီဆိုတော့ ဒီအချိန် လေးပဲ အချိန်ပေးနိုင်တာ။ လာ ပြီးကမ်းလှမ်းတာတွေတော့ ရှိပါ တယ်။ ဆွမ်းကပ်ဖို့ရက်တွေလည်း အကုန်ချိတ်ထားပြီဆိုတော့ ညနေ ပိုင်းတွေတော့ လျှောက်လည်ဖြစ် မယ်။

အားတီ

ရန်ကုန်မှာပဲရှိမယ်။ MRTV-4 မဏ္ဍပ်မှာ ညနေတိုင်းရှိမယ်။ အ သစ်ထွက်ထားတဲ့ FAT HOUSE ထဲက သီချင်းတွေလည်း ဆိုဖြစ် မယ်။ သီချင်းအဟောင်းတွေလည်း ဆိုမယ်။

တင်ဇာမော်

ဒီနှစ်သင်္ကြန် ရန်ကုန်မှာပဲ ရှိ ဖြစ်မှာပါ။ MRTV-4 မဏ္ဍပ်နဲ့ Sky Net မှာ သီချင်းဆို ဖို့တော့ လက်ခံထားတယ်။

ထွန်းအိန္ဒြာဗိုလ်

သင်္ကြန် မန္တလေးမှာရှိမှာပါ။ မနောရမ္မံဘောလုံးကွင်းထဲရှိတဲ့ စည်ပင်မဏ္ဍပ်မှာ ဖျော်ဖြေမှာပါ။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ဖျော်ဖြေပေးမှာပါ။

နန်းခင်ဇေယျာ

ဒီနှစ်သင်္ကြန်က မြစ်ကြီးနား မှာ ရှိမှာပါ။ သင်္ကြန်လေးရက်စလုံး ဖျော်ဖြေမှာပါ။ သင်္ကြန်ကတော့ သီချင်းခပ်မြူးမြူးလေးတွေနဲ့ သင်္ကြန်သီချင်းလေးတွေပဲ ဖျော် ဖြေဖြစ်ပါတယ်။

ရတနာမိုင်

ဘားအံမှာရှိမှာပါ။ ဘားအံ မြို့လယ်က ပန်းခြံမှာရှိတဲ့ မဏ္ဍပ် မှာ လေးရက်စလုံး ဖျော်ဖြေပေးမှာ ပါ။

Source : 7day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။