ထင်မှတ်မထားတဲ့သတင်းကို ဂယ်ရီဟာ သူ့ရဲ့IG အကောင့်မှာ ကြေညာခဲ့တာကြောင့် တစ်ကမ္ဘာလုံးက ပရိသတ်တွေ အံ့သြသွားခဲ့ကြရပါတယ်။ 

ဂယ်ရီဟာ သူ့ရဲ့ IG အကောင့်မှာ ယခုလိုရေးသားခဲ့တာဖြစ်ပါတယ်။

" ကျွန်တော်ချစ်တဲ့မိန်းကလေးနဲ့ ကျွန်တော်ဒီနေ့လက်ထပ်လိုက်ပြီဖြစ်ပါတယ်။ လက်ထပ်ပွဲမကျင်းပခဲ့ပေမယ့် ကျွန်တော်တို့ဟာ နှစ်ဦးသဘောတူ အကြင်လင်မယားဖြစ်သွားပြီပဲဖြစ်ပါတယ်။ ကျွန်တော့ဇနီးဟာ အနုပညာအသိုင်းအဝိုင်းထဲကမဟုတ်တဲ့ ကျွန်တော့်ရင်ကို လှုပ်ခတ်စေခဲ့သူပါ။ ကျွန်တော့်သတင်းကိုကြားပြီး အလန့်တကြားဖြစ်မယ့်လူတွေအတွက် ကျွန်တော်တို့နှစ်ယောက်အတွက် ပျော်ပျော်ရွှင်ရွှင်ဆုတောင်းပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ကျန်တဲ့ဘဝကို အကောင်းဆုံးနေထိုင်သွားပါ့မယ်။

ဂယ်ရီကိုယ်တိုင်တင်သည်။ " ဆိုပြီး ရေးသားထားတာကိုတွေ့ရပါတယ်။

မကြာသေးခင်ကမှ တင်ထားတာဖြစ်လို့ ပရိသတ်တွေ အံ့သြထိတ်လန့်ခဲ့ပြီး Runningman Monday Couple ကိုအားပေးသူတွေကတော့ ဝမ်းနည်းလျက်ရှိပါတယ်။

Source : allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။