တစ်ချိန်ကမန်ယူအသင်းမှာခြေစွမ်းပြပြီးဂိုးတွေသွင်းယူပေးခဲ့တဲ့ရွန်းနီကတော့ခုမှာမေဂျာလိဒ်ကလပ်ဒီစီယူနိုက်တက်အသင်းမှာကစားနေတာဖြစ်ပါတယ်။ရွန်းနီဟာဒီစီယူနိုက်တက်အသင်းမှာခြေစွမ်းပြပြီးဂိုးတွေသွင်းယူပေးနိုင်တာကြောင့်လည်းပရိသတ်တွေရဲ့အချစ်တော်ဖြစ်နေရတာပါ။

ရွန်းနီဟာဘောလုံးကစားရမှာလည်းသန့်သန့်ရှင်းရှင်းကစားတက်တာကြောင့်ကမ္ဘာအနှံ့ကပရိသတ်တွေရဲ့အချစ်တော်တစ်ယောက်ဖြစ်နေတာပါ။အဝါကဒ်အနီကဒ်တွေသိပ်ပြခံလေ့မရှိတဲ့ကစားသမားတစ်ယောက်ပါ။ဒါပေမယ့်ပြီးခဲ့တဲ့အပတ်ကပွဲစဉ်တစ်ပွဲမှာတော့ရွန်းနီဟာအနီကဒ်ပြခံရပါတယ်။ဒီအနီကဒ်ကတော့ကစားသမားဘဝမှာ၅နှစ်ကြာမှပြန်ပြသခံရတာဖြစ်ပါတယ်။

ဒီပွဲမှာရွန်းနီကတော့ပထမမှာအဝါကဒ်သာပြခံရခဲ့ပေမယ့် VAR ကြည့်ပြီးနောက်ပိုင်းမှာမှအနီကဒ်ပြသခံရတာဖြစ်ပါတယ်။ဒီအနီကဒ်ကတော့ရွန်းနီအတွက်နိုင်ငံနဲ့ကလပ်အသင်းမှာပြခံရတဲ့၇ကြိမ်မြောက်အနီကဒ်ဖြစ်လာခဲ့ပါပြီ။

SOURCE:GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။