ပီအက်စ်ဂျီကြယ်ပွင့် နေမာဟာ ၂ လကြာ ဒဏ်ရာကြောင့် အနားယူခဲ့ရပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက စပြီးတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ သိရပါတယ်။ပေါင် သန်း ၂၀၀ နီးပါး တန်ကြေးရှိတဲ့ နေမာဟာ ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့လာပြီးနောက် ခြေစွမ်းပြခဲ့ပေမယ့် ဒဏ်ရာပြဿနာကြောင့် ကာလရှည်ကြာ အနားယူနေရသူလည်း ဖြစ်ပါတယ်။

နေမာဟာပြင်သစ်လိဒ်ပွဲစဉ်တစ်ပွဲမှာဒဏ်ရာရခဲ့တာဖြစ်ပြီးအချိန်တော်ကြာအနားယူခဲ့တာဖြစ်ပါတယ်။နေမာဟာဒဏ်ရာကြောင့်psg အသင်းရဲ့ချန်ပီယံလိဒ်ပွဲစဉ်တွေကိုလည်းလွဲချော်ခဲ့ရတာဖြစ်ပါတယ်။နေမာမရှိတာဟာ PSGအသင်းအတွက်တော့အကြီးမားဆုံးထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။

နေမာဟာ ပြီးခဲ့တဲ့ရက်က လေ့ကျင့်ရေးကွင်းမှာ ကြံ့ခိုင်ရေးနည်းပြ နဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး ဘောလုံးဆွဲပြေးတဲ့ လေ့ကျင့်ခန်းတွေ၊ အနှေးပြေးတာတွေနဲ့ ကန်ချက်တချို့ကို လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှာ အမ်ဘာပီ၊ ဒီမာရီယာတို့နဲ့ ပွဲထွက်နေရတဲ့ ပီအက်စ်ဂျီအသင်းအတွက် နေမာ ဒဏ်ရာက ပြန်လည်သက်သာလာခြင်းဟာ အသင်းအတွက် အားတက်စရာ ဖြစ်ခဲ့ပါတယ်။

SOURCE:DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။