ကမ္ဘာ့နိုင်ငံများစွာရှိ ကလေး၊ လူကြီးများစွာခံစားနေရတဲ့ မွေးရာပါ ရောဂါဝေဒနာတွေကတော့အများကြီးပဲရှိပါတယ်။ ရှေးဘဝက ဝဋ်ကြွေးတစ်ခုလို့ ဆိုရမယ့် အဆိုပါ ဒေဝနာဆိုးကြီးတွေကို ဒီဘဝမှာ သာမာန်ထက်ပိုမိုခံစားနေရသူတွေကလည်း မရေမတွက်နိုင်အောင်ရှိတာ တွေ့ရပါတယ်။ အဆိုပါမွေးရာပါဝေဒနာကို ဆိုးဆိုးရွားရွားခံစားနေရတဲ့ ကလေးငယ်တွေထဲမှာ ပြည်တွင်းရှိ ကလေးငယ်များစွာလည်း ပါဝင်လျှက်ရှိတာတွေ့ရပါတယ်။    

မကြာသေးမီက ပရိသတ်တွေကြားရေပန်းစားခဲ့တဲ့ မွေးရာပါ ခြေအရိုးမပါ ကလေးငယ်တစ်ဦးရဲ့ ဗီဒီယိုဖိုင်လေးကတော့ ပြည်တွင်းပြည်ပကြည့်ရှု့သူတွေကို စိတ်မကောင်းဖြစ်စေခဲ့တာတွေ့ရပါတယ်။ အဆိုပါ ကလေးငယ်လေးကတော့ အသက် ၁၄ နှစ်အရွယ်ရှိတဲ့ မောင်ရဲမြတ်သူခေါ် ကလေးငယ်တစ်ဦးပဲဖြစ်ပါတယ်။ ၎င်းဝေဒနာကို နှစ်အတော်ကြာခံစားခဲ့ရတဲ့ အဆိုပါကလေးငယ်လေးအတွက် လက်ရှိသွားလာရေးအဆင်ပြေစေရန် ဦးဇင်းတစ်ပါးမှ Wheel chair တစ်ခုလှူဒါန်းခဲ့ကြောင်း သိရပါတယ်။ 

လက်နှစ်ဖတ်ကို အသုံးပြုသွားလာနေရတဲ့ အဆိုပါ ကလေးငယ်လေးရဲ့ ၁၄နှစ်တာဘဝကိုတော့ ပရိသတ်တွေလည်းစာနာမိမယ်ထင်ပါတယ်။ သနားစရာကောင်းတဲ့ အသက် ၁၄ နှစ်အရွယ် မောင်ရဲမြတ်သူရဲ့ ဘဝဗီဒီယိုဖိုင်လေးကို မျှဝေပေးရင်း ဘဝကို အကောင်းဆုံးဖြတ်သန်းကြဖို့ ဆုတောင်းပေးလိုက်ပါတယ်။

vide0 - ဖန်ခါးမြေ အရှင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။