ပရီးမီးယားလိဂ်ဖလားကို အစဉ်အလာပြိုင်ဘက် လီဗာပူးအသင်းကိုသာ ဆွတ်ခူးစေချင်တယ်လို့ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က ပြောကြားလိုက်ပါတယ်။မန်စီးတီးအသင်းဟာ ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ ရှိနေပြီး ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးက လီဗာပူးနဲ့တပွဲလျော့ ၂ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။

ဒီရာသီမှာ မန်စီးတီးအသင်းဟာ ဖလား ၄ လုံး တပြိုင်နက်ပိုင်ဆိုင်နိုင်ဖို့ ဖြစ်နိုင်ချေနည်းပေမယ့် အစီအစဉ်တင်ဆက်သူ လုပ်နေတဲ့ ဂယ်ရီနဗီးလ်ကတော့ စိုးရိမ်နေခဲ့တာ ဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်မှာ စပါးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေပေမယ့် ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ဖို့ ထင်ကြေးပေးခံနေရတာလည်း ဖြစ်ပါတယ်။ 

နောက်ထပ် အစဉ်လာပြိုင်ဘက် လီဗာပူးကလည်း ပရီးမီးယားလိဂ်ဖလား ရရှိဖို့ ဖြစ်နိုင်နေသလို ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ချိန်တိုင်း ရလဒ်ကောင်းလေ့ရှိတာကြောင့် အခုနှစ်ဘောလုံးရာသီအကုန်ဟာ ယူနိုက်တက်ပရိသတ်တချို့အတွက် အခါးသီးဆုံး ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

SOURCE: DAILY MAIL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။