လက်ရှိ မြန်မာနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးမှာ ဒုတိယအသုံးပြုမှုအများဆုံးဖြစ်နေတဲ့ မြန်မာ့မီးရထားကို အားလုံးအသုံးပြုနေမယ်ထင်ပါတယ်။

နိုင်ငံတကာအဆင့်မီနိုင်ဖို့ ကြိုးစားမှုတွေပြုလုပ်နေပေမယ့် လက်ရှိပြောင်းလဲမှုအနည်းငယ်သာရှိနေသေးကြောင်း သိရပါတယ်။ အဆိုပါပြောင်းလဲမှုတွေထဲက လက်ရှိမြန်မာနိုင်ငံမြို့အချို့တွင်မီးရထားသံလမ်းများကို ကမ္ဘာ့အဆင့်မီပြောင်းလဲမှုတွေစတင်ပြုလုပ်နေကြောင်း သိရပါတယ်။ 

အဆိုပါအဆင့်မြှင့်မီးရထားလမ်းများကို မွန်ပြည်နယ် ပေါင်မြို့ တွင်စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအနှံ့အပြားတွင် ပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ မီးရထားရဲ့ အလေးချိန်ကို ခံနိုင်ရည်ရှိစေရန် အဆင့်မြှင့်ပြုလုပ်မှုများနဲ့အတူ ရထားသံလမ်းများအား ယခင်ကဲ့သို့ ပြန်လည်မဖြစ်စေရန် ရည်ရွယ်ပြုလုပ်နေတာဖြစ်ကြောင်းသိရပါတယ်။ ဒီကနေ့ ဧပြီလ ၉ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ ခရေပင်လမ်းရှိ မီးရထားဖြတ်ကားလမ်းများကို စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ပြီး ယာဉ်များသွားလာရ ပိုမိုလွယ်ကူကြောင်း သိရပါတယ်။  

ရန်ကုန်မြို့အနီးတဝတ်ကို ပြုလုပ်နေဆဲဖြစ်ပေမယ့်လည်း လက်ရှိ အချို့ချို့သောနေရာတွေမှာ ပြီးစီးနေပြီဖြစ်ကြောင်း သိရပါတယ်။ 

လက်ရှိ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်တဲ့ ရန်ကုန်မင်္ဂလာဒုံ ရှိ ရထားသံလမ်းအချို့ရဲ့ ပုံရိပ်များကို ချစ်ပရိသတ်တွေအတွက်မျှဝပေေးလိုက်ပါတယ်။

pHOTOS - THU YA KHINE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။