MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းနှင့်လိုက်ဖ်ဟဲဗီးဝိတ်တန်းချန်ပီယံ အောင်လအန်ဆန်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံသားဗီရာနှင့်လက်ရှိ MMA ကမ္ဘာ့လိုက်ဖ်ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ်ပွဲမတိုင်မီ ကြားပွဲတစ်ပွဲထိုးသတ်မှာပဲ ဖြစ်ပါတယ်။ အောင်လအန်ဆန်ဟာ ဗီရာနှင့်လာမည့် အောက်တိုဘာ ၁၂ ရက်တွင်ဂျပန်နိုင်ငံ တိုကျိုမြို့မှာထိုးသတ်ကြမှာပဲ ဖြစ်ပါတယ်။ 

အောင်လအန်ဆန်ဟာ MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုအတွက် တတိယအကြိမ်ကာကွယ်ပွဲအဖြစ်ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်ကဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဂျပန်နိုင်ငံသား ကန်ဟက်ဆဲဂါဝါနှင့်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ နှစ်ချီအတွင်းအလဲထိုးမှုနဲ့အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်အပြီးမှာ ဗီရာကစင်ပေါ်တက်ရောက်ပြီး အောင်လရဲ့နိုင်ပွဲအတွက် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ကာကွယ်ပွဲထိုးသတ်ရန် စိန်ခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ 

အောင်လဟာလည်း ဗီရာရဲ့စိန်ခေါ်မှုကိုလက်ခံခဲ့သောကြောင့် ONE Championship အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြိုင်ပွဲကိုအတည်ပြုခဲ့ပြီး လာမည့်အောက်တိုဘာလတွင် ထိုးသတ်ရန်စီစဉ်ထားတာပဲ ဖြစ်ပါတယ်။

Source- Aung La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။