တစ်ချိန်ကမြန်မာ့လက်ရွေးစင်အသင်းမှာခြေစွမ်းပြဂိုးတွေနဲ့အောင်မြင်မှုတွေရခဲ့တဲ့တိုက်စစ်မှူးကျော်ကိုကိုကတော့ခုမှာထိုင်းပရီးမီးယားလိဒ်ကလပ်စမူပါကန်အသင်းမှာကစားနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဘောလုံးရာသီကလည်းထိုင်းကလပ်ချင်းရိုင်အသင်းမှာကစားခဲ့ပေမယ့်ဒဏ်ရာကြောင့်ခြေစွမ်းတွေမပြနိုင်ပဲအချိန်တော်ကြာအနားယူနေရတာဖြစ်ပါတယ်။

ဒီနှစ်ဘောလုံးရာသီအစမှာတော့ဒဏ်ရာကပြန်သက်သာလာပြီးထိုင်းပရီးမီးယားလိဒ်အသင်းရဲ့ကမ်းလှမ်းမှုကြောင့်ဒုတိယရာသီအဖြစ်ကစားနေတာဖြစ်ပါတယ်။ထိုင်းပရီးမီးယားလိဒ်ကခုဆိုပွဲစဉ်တွေဟာ၆ပွဲထိကစားပြီးပြီဖြစ်ပါတယ်။ပွဲစဉ်တွေစတုန်းကဒဏ်ရာကြောင့်ပွဲထွက်ခွင့်တွေမရခဲ့ပေမယ့်ခုမှာတော့ခြေစွမ်းပြပြီးဂိုးတွေသွင်းယူနိုင်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်တွေတုန်းကလည်းအသင်းအတွက်သွင်းဂိုးတစ်ဂိုးကိုသွင်းယူပေးနိုင်တာဖြစ်ပြီးပရိသတ်တွေနည်းပြတွေရဲ့ချီးကျူးမှုကိုခံနေရတာဖြစ်ပါတယ်။ဒီတစ်ပတ်ယှဉ်ပြိုင်ခဲ့တဲ့ထိုင်းပရီးမီးယားလိဒ်ပွဲတွေမှာလည်းကျော်ကိုကိုဟာအသင်းကိုဒုတိယပိုင်မှာလူစားလဲဝင်ရောက်လာခဲ့ပြီးဂိုးတွေရဖို့ခြေစွမ်းပြကစားနိုင်ခဲ့တာဖြစ်ပါတယ်။ဂိုးမရခဲ့ပေမယ့်အကောင်းဆုံးကစားသွားခဲ့တဲ့ကျော်ကိုကိုရဲ့ကစားကွက်videoလေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်.

SOURCE:Thai League MM Fan Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။