ဘောလုံးအားကစားနည်းဆိုတာကြိုးစားအားထုတ်မှုတွေအပြင်ကံလည်းပါတာဖြစ်ပါတယ်။ပရိသတ်တွေမဖြစ်နိုင်ဘူးလို့မျှော်လင့်ထားပြီးမှဂိုးတွေအများကြီးဝင်သွားတာလည်းအများကြီးရှိခဲ့ဘူးတာကိုပရိသတ်တွေမြင်တွေ့ခဲ့ဘူးပါပြီ။ဂိုးမဝင်ဘူးလို့သတ်မှတ်ထားပေမယ့်မယ့်ဂိုးထဲဝင်သွားပြီးအောင်ပွဲခံတာတွေအများကြီးပါ။

ဘောလုံးပြိုင်ပွဲတစ်ခုမှာပရိသတ်တွေစိတ်လှုပ်ရှားဖို့အကောင်းဆုံးနဲ့ကစားသမားတိုင်းမှားလို့မရတော့တဲ့အချိန်တစ်ခုရှိပါတယ်။အဲ့တာကတော့ပယ်နတီပဲဖြစ်ပြီးကစားသမားတစ်ယောက်ဆီတိုင်းဟာမိမိအသင်းနိုင်ပွဲအတွက်အရေးကြီးတဲ့အချိန်ဖြစ်နေတာပါ။

ပယ်နတီကလည်းဂိုးသမားနဲ့တစ်ယောက်စီတွေ့ပြီးကန်ရတာကြောင့်ဂိုးရဖို့လွယ်တယ်လို့သတ်မှတ်လို့ရပေမယ့်တစ်ကမ်းတမ်းတော့ခက်ခဲလှတာပါ။ပယ်နတီကန်ရာမှာလည်းဂိုးဘားတန်းထိပြီးပြန်ကျလာမှဂိုးထဲဝင်သွားခဲ့တာတွေလည်းရှိတာပါ။ခုမှာလည်းဘောလုံးပွဲတစ်ခုမှာပယ်နတီကန်ရာဘောလုံးကမိုးပေါ်ထောင်သွားပြီးပြန်ပြုတ်ကျရာမှဂိုးဝင်သွားတာကြောင့်ပရိသတ်တွေအပြင်ကစားသမားတွေပါအံ့သြခဲ့ရပါတယ်။ပရိသတ်တွေအတွက်လည်းမဖြစ်နိုင်ပဲဂိုးဝင်သွားခဲ့တဲ့သွင်းဂိုးvideoတွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။