ကမ္ဘာပေါ်က နေရာဒေသတော်တော်များများမှာတော့ မိန်းကလေးတွေ အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေဟာ မကြာခဏဆိုသလို ဖြစ်ပေါ်နေတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာဆိုရင်လည်း ထိုင်းပယ်လယ်ကွေ့အတွင်းမှာရှိတဲ့ ကော့စီချန်ကျွန်းပေါ် အလည်လာတဲ့ ဂျာမန်ကမ္ဘာလှည့်ခရိးသွားမလေး တစ်ဦးဟာ ထိုင်းအမျိုးသားတဦးရဲ့ အဓမ္မပြုကျင့် သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။

၎င်းအမျိုးသားရဲ့နာမည်ကတော့ ရွန်နာခွန် ရဃါန်ရှအန်ဖြစ်ပြီး သူဟာ ၎င်းကျွန်းမှာနေထိုင်တဲ့ ဒေသခံတစ်ဦးဖြစ်ပါတယ်။

အခင်းဖြစ်ပေါ်ပုံကတော့ ဂျာမန်နိုင်ငံသူလေးဟာ သူမငှားထားတဲ့ ဆိုင်ကယ်နဲ့ ၎င်းကျွန်းပေါ်မှာ လည်ပတ်နေစဉ် မူးယစ်ဆေးသုံးစွဲထားတဲ့ ၎င်းအမျိုးသားရဲ့ အဓမ္မပြုကျင့်တိုက်ခိုက်မှု ဒဏ်ကိုခံခဲ့ရတာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ၎င်းအမျိုးသားဟာ အဓမ္မပြုကျင့်ရုံနဲ့သာအားမရဘဲ ဂျာမန်သူလေးကို သတ်ပါသတ်ပစ်ခဲ့ပြီး ကျောက်တုံးတွေကြားမှာဝှက်ကာ အပေါ်ကသစ်ရွက်တွေဖုံးအုပ်ပြီး အလောင်းဖျောက်ထားခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့တွေ အလောင်းကိုရှာတွေ့ခဲ့တာကတော့ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ဖြစ်ပြီး အလောင်းမှာ ဦးခေါင်းနဲ့ ခြေထောက်တွေမှာ ဒဏ်ရာတွေ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်တော့ ရဲတပ်ဖွဲ့အနေနဲ့လည်း ၎င်းပြစ်မှုကျူးလွန်သူ အမျိုးသားကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီဆိုပေမယ့် ဒီဖြစ်ရပ်ဟာ တကိုယ်ရည်တကာယျ လှုပ်ရှားသွားလာနေရတဲ့ မိန်းကလေးတွေအတွက်တော့ ထိတ်လန့်စရာကောင်းလှတဲ့ ဖြစ်ရပ်လေးတစ်ခုပဲဖြစ်ပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။