ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ ညနေ ၆ နာရီလောက်မှာတော့ ထိုင်းနိုင်ငံအတွင်းမှာ အင်မတန်ကြည်နူးစရာကောင်းတဲ့ ဖြစ်ရပ်လေးတခုဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်ရပ်လေးကတော့ ထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ ကိုယ်ဝန်သည် မြန်မာမလေးတဦးကို ထိုင်းရဲတဦးက ကလေးမွေးကူပေးခဲ့တဲ့ ဖြစ်ရပ်လေးပဲဖြစ်ပါတယ်။

ဖြစ်ပေါ်ခဲ့ပုံကတော့ ဧပြီလ ၉ ရက်နေ့ညနေခင်းမှာ ဘန်ကောက် ဘန်ကပိနယ်မြေ

ဖစ်ကဆဲမ်လမ်းမပေါ်က အလုပ်သမားတန်းလျားမှာရှိတဲ့ မြန်မာအမျိုးသမီးလေးဟာ နေ့လစေ့ပြီး ကလေးမမွေးနိုင်သေးနိုင်သေးတဲ့အတွက် အလွန်အမင်းနာကျင်တဲ့ ဝေဒနာကို ခံစားနေရပါတယ်။

ဒါ့ကြောင့် ၎င်းတန်းလျားမှာရှိတဲ့ အခြားသူတွေဟာ ဒီဖြစ်ရပ်ကိုမကြည့်နိုင်လို့ အနားမှာရှိတဲ့ ယာဉ်ထိန်းရဲ တစ်စု ဆီအကူအညီသွားတောင်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ယာဉ်ထိန်းရဲဝန်ထမ်းတွေဟာ ၎င်းအမျိုးသမီးရှိရာကို ဆေးရုံကားနဲ့အတူ အလျင်အမြန်သွားခဲ့ပေမယ့် အမျိုးသမီးလေးဟာ ကလေးမွေးဖို့အတွက် အရေးပေါ်အခြေအနေမှာရောက်ရှိနေခဲ့ပါတယ်။

ဒါေ့ကြာင့် ယာဉ်ထိန်းရဲဝန်ထမ်းတဦးက မဆိုင်းမတွဘဲ ၎င်းအမျိုးသမီးလေးကို ကလေးငယ်လေး လူ့လောကထဲကို ဘေးကမသိရန်မခဘဲ ရောက်ရှိအောင် ကူညီမွေးဖွားပေးခဲ့ပါတယ်။

မွေးဖွားလာခဲ့ကလေးလေးကတော့ မိန်းကလေးဖြစ်ပြီး ကိုယ်လက်အင်္ဂါအစုံနဲ့ ကျန်းကျန်းမာမာရှိတယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ အမျိုးသမီးလေးကို ကူညီပေးခဲ့တဲ့ ယာဉ်ထိန်းရဲဝန်ထမ်းကပဲ မိခင်ရော ကလေးကိုပါ လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေပြုလုပ်ဖို့အတွက် ဆေးရုံးသို့ လိုက်လံပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်လေးကို ကြားသိရတဲ့ အွန်းလိုင်းသုံးစွဲသူတွေဟာဆိုရင်လည်း ၎င်းယာဉ်ထိန်းရဲဝန်းထမ်းရဲ့ လုပ်ရပ်ကို ကောင်းချီးပေးခဲ့ကြပြီး စိတ်ဓာတ်လေးကို လေးစားမိကြောင်း မှတ်ချက်ပေးနေတာကို တွေ့ရပါတယ်။

video credit - Thairath

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။