မြန်မာနှစ်ကူး သြင်္ကန်ပွဲကတော့မကြာမီရောက်ရှိတော့မှာပဲဖြစ်ပါတယ်။ မြန်မာ လူမျိုးတွေရဲ့ ချစ်စရာအမွေအနှစ်တွေထဲကတစ်ခု ဆိုလည်း မှားမယ်မထင်ပါဘူးနော်။ ပြည်တွင်းနေရာအနှံ့အပြားမှာ မဏ္ဍန်တွေဆောက်လုပ်နေပြီး ပျော်ရွှင်စရာတွေနဲ့ အတူဖြတ်သန်းဖို့ အားလုံးလည်း ပြင်ဆင်နေကြပြီထင်ပါတယ်။ အဆိုပါ မြန်မာ့သြင်္ကန်ပွဲလေးကို ချစ်စရာပုံစံလေးတွေနဲ့ အလှဆင်ထားတဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာတွေ့ရပါတယ်။  

လက်ရှိ ရန်ကုန်နှစ်သစ်ကူးသြင်္ကန်ပွဲအတွက် ရေကစားမဏ္ဍပ်နဲ့ ဖျော်ဖြေရေး မဏ္ဍပ် များစွာကို ဆောက်လုပ်ပြီးစီးနေပြီး ပြင်ဆင်မှုအပြည့်အစုံပြုလုပ်ထားကြောင်း သိရပါတယ်။ ရန်ကုန်မြို့ရဲ့ အဓိက လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့ အင်းလျားကန်ဘောင်ပေါ်တွင် မနေ့က သြင်္ကန်ပြင်ဆင်မှုတစ်ခု ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ ပြင်ဆင်မှုလေးကတော့ မနှစ်က စတင်ပြုလုပ်ခဲ့တဲ့ လမ်းလျှောက်သြင်္ကန်ပွဲလေးပဲဖြစ်ပါတယ်။  

ချစ်စရာ ပုသိမ်ထီးလေးတွေနဲ့ ပြုလုပ်ထားပြီး လက်ရှိသွားရောက် ဓာတ်ဖမ်းသူတွေကလည်း များစွာရှိနေခဲ့တာတွေ့ရပါတယ်။ မနှစ်ကထက်ပိုမိုလှပလာပြီး မြန်မာ့သြင်္ကန်ပွဲကို ယဉ်ကျေးသိမ့်မွေ့ကာ စည်စည်ကားကားပြုလုပ်ထားတာကြောင့် လူကြီးလူငယ်မရွေးလာရောက်လည်ပတ်သူတွေကိုလည်း ကြည်နူးစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အင်းလျားကန်ဘောင်မှ ဒီကနေ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - BBC B

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။