ပြည်တွင်း တိုးတက်ပြောင်းလဲမှုတွေကို များစွာပြုလုပ်နေပေမယ့်လည်း လက်ရှိဒေသများစွာမှာတော့ မပြောင်းလဲသေးတဲ့ အရာများစွာရှိသေးတာတွေ့ရပါတယ်။ အဆိုပါ ပြောင်းလဲမှုမရှိသေးတဲ့ အရာတွေထဲမှာ ပြည်သူအချို့ရဲ့ လူနေမှုအဆင့်အတန်းတွေလည်း ပါဝင်နေတာတွေ့ရပါတယ်။ စည်ကမ်းမဲ့ လုပ်ဆောင်မှုတွေကြောင့် တဖတ်သူထိခိုက်မှုများစွာရှိခဲ့ပြီး နိုင်ငံဂုဏ်ညိုးနွမ်းစေခဲ့တာတွေများစွာရှိခဲ့တာတွေ့ရပါတယ်။   

စည်းကမ်းမဲ့ ကွးတံထွေးတွေကြောင့် ပြည်တွင်း ခရီးသွားသူတွေသာမက ပြည်ပနိုင်ငံခြားသားတွေရဲ့ ကဲ့ရဲ့ရှုံ့ချခြင်းတွေကိုပါ ခံခဲ့ရတာတွေ ကတော့ များစွာရှိခဲ့ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အထွဋ်အမြတ်ထားရာ စေတီပုထိုးများအပေါ်တွင်လည်းကောင်း၊ အများပြည်သူသွားလာရာ လမ်းမတွေတွင်လည်းကောင်း လူနေအိမ်များစွာမှာလည်း ရုပ်ဆိုးအကြဉ်းတန်စွာတွေ့မြင်နေရပါတယ်။  

အဆိုပါ ကွမ်းတံထွေးတွေနဲ့ပတ်သက်ပြီး မြန်မာပြည်မှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားအမျိုးသမီး (England သံအမတ်ဟောင်း ၊ Oxford ) ကလည်း "နေဝင်ရီတရောအချိန် ရထားလမ်းကူးဖို့ လူသွားလမ်းမှ ရထားဖြတ်သွားလို့ရပ်စောင့်နေချိန် ပူပူနွေးနွေးကွမ်းတံတွေးနဲ့ ထွေးတာခံလိုက်ရတဲ့ ကျမ…………

ကြည်နူးစရာ ပြည်မြန်မာလို့ပြောမလား…… မဟုတ်ရပါရှင်၊ အော့နှလုံးနာတာဆို ပိုမှန်မယ်ထင်………" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ နိုင်ငံတကာအလည်မှာ မျက်နှာမပြနိုင်အောင်ဖြစ်ပေါ်နေတဲ့ ပြည်တွင်း စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှုများကိုတော့ ပရိသတ်တွေသိရှိနိုင်ရန်မျှဝေပေးလိုက်ပါတယ်။

pHOTOS - SO OO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။