ပရိသတ်အချစ်တော် စိုင်းစိုင်းခမ်းလှိုင် ကတော့ နှှုတ်ခမ်းနီမလေးတွေအပါဝင် လူကြီးလူငယ်မရွေး အသဲစွဲ ဖြစ်တာကတော့ မဆန်းတော့ပါဘူး။

ဂီတလောကမှာ အချိန်အတော်ကြာရပ်တည်နေတဲ့ စိုင်းစိုင်းအတွက် ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေအခိုင်အမာရထားတာကတော့ သူ့ရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်းကြောင့်ပါပဲ။

ဒါ့ကြောင့်လည်း လူငယ်တွေအကြိုက် G Shock နာရီရဲ့ Brand Ambassador အဖြစ် စိုင်းစိုင်း ကို လွန်ခဲ့တဲ့ (၆)လထဲက ခန့်အပ်ထားတာဖြစ်ပါတယ်။

စိုင်းစိုင်း ဟာ ဧပြီလ(၅)ရက်နေ့က မင်္ဂလာ မန္တလေးမှာကျင်းပတဲ့ သူ့ရဲ့လက်မှတ်ပါတဲ့ Sai Sai Limited G Shock နာရီမိတ်ဆက်ပွဲတစ်ခုကို တက်ရောက်ခဲ့ပါတယ်။

အဆိုပါ စိုင်းစိုင်းလက်မှတ်ပါတဲ့ နာရီတွေကိုတော့ အရေအတွက်အကန့်အသတ်အရ အလုံး(၁၀၀)ခန့်သာ ထုတ်လုပ်ရောင်းချတာဖြစ်ပြီး လာရောက်ဝယ်ယူသူများပြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် လူပျိုကြီး စိုင်းစိုင်းရဲ့ မွေးနေ့ကလည်း ဧပြီလ(၇)ရက်နေ့နီးပြီဆိုတော့ နာရီတစ်လုံးဝယ်သူကို သူ့ရဲ့Birthday Show လက်မှတ်တစ်စောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ကလေးချစ်တတ်တဲ ့စိုင်းစိုင်းတစ်ယောက် ပွဲမှာချစ်စရာကောင်းတဲ့ ကလေးမလေးတစ်ယောက်နဲ့လည်း ဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။

ဒါ့ပြင် အဲ့ဒီမီးမီးလေးက သူ့ကို မိုနိုင်း လို့ နာမည်ပြောင်လေး ခေါ်ခဲ့လို့ စိုင်းစိုင်းတော့ အသဲယားပြီးချစ်သွားပြန်ပီထင်ပါတယ်။

မိုးနိုင် ကနေ မိုနိုင်းဖြစ်သွားပုံကတော့ အားလုံးသိတဲ့အတိုင်း ထိုင်းမင်းသမီးလေးနဲ့ အတူရိုက်ကူးထားတဲ့ Bangkok To Mandalay ဇာတ်ကားမှာ သရုပ်ဆောင်တဲ့ မိုးနိုင် ဆိုတဲ့ ဇာတ်ကောင်နာမည်ဖြစ်ပါတယ်။

လာမည့် ဧပြီလ(၇)ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့ရှိုးပွဲကို မန္တလေးမှာ ပြုလုပ်ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ 

သတင်းအရင်းမြစ် sai sai fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။